သင်ကိုယ်တိုင်က သင့်ကျန်းမာရေး ကောင်းမွန်နေအောင် လုပ်ဆောင်လို့ရပါတယ်။ အဓိက သင် လုပ်ဖို့ လိုတာကတော့ သင့်ခန္ဓာကိုယ်တွင်းက လုပ်ငန်းဆောင်တာတွေအားလုံးကို လွှမ်းမိုး ချုပ်ကိုင်ပေးထားနိုင်တဲ့ ဇီဝဖြစ်တည်မှု ခွန်အား ၅မျိုးကို သေချာ ဂရုစိုက်ပေးဖို့ပါပဲ။ အဲ့ဒီ ၅မျိုးထဲက တစ်မျိုးစီက အချင်းချင်း အပြန်အလှန် အားဖြည့်ပေးနိုင်တာဖြစ်ပြီး အဲ့ဒီထဲကမှ တစ်မျိုး နှစ်မျိုးလောက်ကိုတောင် မှန်ကန်သင့်တော်အောင် လုပ်နိုင်ရင် သင့် ကျန်းမာရေး တစ်ခုလုံးကို ခြုံငုံပြီး ကောင်းမွန်လာစေမှာပဲ ဖြစ်ပါတယ်။ ကြားရတာ အလှမ်းဝေးလွန်းတဲ့ ပန်းတိုင်လိုမျိုးဖြစ်နေတယ်လို့ ထင်ကောင်းထင်နိုင်ပေမယ့် ကျန်းမာရေးကောင်းဖို့ ဒီလောက်တော့ လုပ်ဆောင်ပေးသင့်ပါတယ်။ သိပ်တော့မခက်ခဲပါဘူး ။ သင်လုပ်ပေးဖို့ လိုတာကတော့ အရသာလည်းရှိ အာဟာရလည်းဖြစ်စေတဲ့ အစားအစာတွေကို စားသုံးပေးဖို့၊ ရေဓာတ်ပြည့်ဝနေစေဖို့နဲ့ မှန်ကန်တဲ့ အသက်ရှူပုံ နည်းစနစ်ကိုလေ့ကျင့်ပေးဖို့ပဲ ဖြစ်ပါတယ်။ မှန်ကန်တဲ့ ရွေးချယ်မှုတွေကို ပြုလုပ်ပါ။ အဲ့ဒီအခါမှာ သင်ဟာ ကျန်းမာပျော်ရွှင်စွာသက်တမ်းရှည် နေထိုင်နိုင်ဖို့အတွက် နည်းလမ်းတွေကို ကောင်းမွန်စွာ သိလာပါလိမ့်မယ် ။
· ရေရှည် ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည်နေနိုင်ဖို့အတွက် စိတ်ဝင်စားကြတဲ့ အနာဂတ်ကိုကြိုတင်မျှော်တွေး ဂရုစိုက်တတ်ကြသူတွေ။
· အရွယ်မတိုင်ခင် နာကျင်ကိုက်ခဲဝေဒနာတွေကို ခံစားရလေ့ရှိတဲ့ လူငယ် နဲ့ လူလတ်ပိုင်းတွေ ။
· နေ့စဉ်ဆိုသလို မိမိရဲ့ အကောင်းဆုံးပုံစံ အနေအထားနဲ့ ခံစားနေထိုင်လိုကြသူတွေ ။
· သင့်ခန္ဓာကိုယ်မှာ ရှိနေတဲ့ တခြားသေးငယ်လွန်းတဲ့ သက်ရှိအကောင်လေးတွေက ဆဲလ်တွေရဲ့အရေအတွက်ထက်ကို အများကြီး ပမာဏများပြားပါတယ် ဆိုတဲ့အကြောင်း ။
· ကျွန်တော်တို့ စားသုံးနေတဲ့ အစားအသောက်တွေမှာ လူလုပ်ဓာတုပစ္စည်းတွေဟာ ဘယ်လောက်တောင် အံ့အားသင့်စရာကောင်းအောင် ပါဝင်စုပုံနေကြောင်း ။
· ဘာကြောင့် အမေရိကန်တို့ရဲ့နေ့စဉ် အစားအသောက်ပုံစံဟာ ပုံစံမမှန်တဲ့ စားသောက်နေထိုင်မှုပုံစံတွေ ဖြစ်နေရသလဲ ဆိုတဲ့အကြောင်း ။
No New Notifications