ကျွန်ုပ်တို့က ကျွန်ုပ်တို့ ဘဝမှာ ကြုံရတဲ့ စိတ်ဖိစီးမှုနဲ့ သဟဇာတမဖြစ်မှုတွေကို ဖြစ်စေတဲ့ မှားယွင်းတဲ့ အရာတွေအပေါ် ခဏခဏ အာရုံစိုက်ကြပါတယ်။ ဒါပေမဲ့ သင့်ဘဝ အရည်အသွေးကို မြှင့်တင်ဖို့အတွက် သင့်ရဲ့ ဦးစားပေးမှုတွေကို သုံးသပ်ရမယ်။ သင့်ရဲ့ တာဝန်တွေ အားလုံးကြားမှာ အရေးကြီးတာတွေကို ဟန်ချက်ညီမှုရှိအောင် ဖန်တီးဖို့လိုပါတယ်။ သင်ဟာ အရေးပေါ်လုပ်ရမှာတွေနဲ့ ကိစ္စသေးသေးလေးတွေကို ဦးစားပေးမယ့်အစား အရေးကြီးလုပ်ရမှာတွေကိုသာ ဦးစားပေးရင် သင်ဟာ ပျော်ရွှင်မှုနဲ့ စိတ်ငြိမ်သက်မှုကို ရရှိပါလိမ့်မယ်။
· ဘဝအဓိပ္ပာယ် လစ်လပ်နေတယ်လို့ ခံစားနေရတဲ့သူတွေ ။
· ဘဝကို ပိုပြီးတော့ အကျိုးသက်ရောက်မှုရှိရှိ ဖြတ်သန်းချင်တဲ့သူတွေ ။
· ဆုံးဖြတ်ချက် ကြီးကြီးမားမားတွေ ချဖို့အတွက် အခက်အခဲ ရှိတဲ့သူတွေ ။
· ဘဝအရည်အသွေးကို မြှင့်တင်ချင်တဲ့သူတွေ။
· သင်က ဘာလို့ အရေးပေါ် လုပ်ဆောင်ရမည့် အရာတွေကို ပိုလုပ်ချင်ကြောင်း ။
· ကျောက်ခဲတွေပါတဲ့ ကရားတစ်ခုနဲ့ သဲတွေအကြောင်းက ဆုံးဖြတ်ချက် ချတာနဲ့ ပတ်သက်ပြီး သင့်ကို ဘာသင်ပေးနိုင်ကြောင်း ။
· ဂန္ဒီက ကမ္ဘာကျော် ငြိမ်းချမ်းရေး လှုပ်ရှားသူ ဖြစ်လာအောင် သူ့ရဲ့ အရှက်သည်းမှုကို ဘယ်လို ကျော်လွှားအောင်မြင်ခဲ့ကြောင်း ။
No New Notifications