The Distraction Addiction

Alex Soojung-Kim Pang
  •  26 min
  •  Audio Available

သင့်ဆီမှာ ဒစ်ဂျစ်တယ်စက်ပစ္စည်းတွေ ဘယ်နှစ်မျိုးလောက်များရှိမလဲ။ အဲ့ဒီပစ္စည်းတွေမှာ သင် လက်ရှိသုံးနေတဲ့ အက်ပလီကေးရှင်းတွေ ပရိုဂရမ်တွေလည်း အရေအတွက်ဘယ်လောက် ရှိနိုင်မလဲ။ ဒီ ကမ္ဘာကြီးပေါ်က လူသန်းပေါင်းများစွာလိုပဲ သင်ဟာလည်း တစ်နေ့တာရဲ့အချိန်တော်တော်များများကို လူမှုကွန်ယက်ပေါ်မှာပဲ ကုန်ဆုံးဖြုန်းတီးနေပြီး တက်ဘ်(tabs)တွေမြောက်များစွာကို တစ်ပြိုင်တည်းဖွင့်၊ အီးမေးလ်နဲ့မက်ဆေ့ချ်ပို့တဲ့ဆားဗစ်ပေါင်းစုံကို မကြာမကြာအသုံးပြုနေရတဲ့ လူမျိုးဆိုရင်တော့ သေချာပါ တယ်။ အပေါ်ကမေးခွန်းတွေအတွက် သင့်ရဲ့အဖြေဟာ "မနည်းမနောပါပဲ" လို့ ဖြစ်ပါလိမ့်မယ်။

ငယ်စဥ်တောင်ကျေးဘဝကတည်းက အင်တာနက်တွေ၊ ကွန်ပျူတာတွေနဲ့ ထိတွေ့လာပြီး ဒစ်ဂျစ် တယ်နည်းပညာခေတ်မှာ ပျိုးထောင်ခံခဲ့ရတဲ့သူတွေကို ဒစ်ဂျစ်တယ်နေးတစ်ဗ် (digital native) တွေလို့ ခေါ်ဆိုကြပါတယ်။ ဒစ်ဂျစ်တယ်နေးတစ်ဗ်တစ်ယောက်ဖြစ်ရတာလည်း မလွယ်လှပါဘူး။ ကျွန်မတို့ရဲ့ မက်ဆေ့ချ်ဘောက်စ်တွေမှာ စာကြောင်းစာပိုဒ်တွေ၊ ပုံတွေနဲ့ ဗီဒီယိုတွေဟာ အဆက်မပြတ် တသဲ သဲဝင်နေတတ်တာကြောင့် အရာအားလုံးကိုပိတ်ဆို့ပြီး လုပ်လက်စတစ်ခုတည်းကိုသာ အာရုံစိုက်ဖို့ဆို တာ ခက်ခဲလှပါတယ်။

ဒါဆိုရင် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာအာရုံပျံ့လွင့်မှုတွေကို ကျွန်မတို့ ဘယ်လိုကျော်ဖြတ်နိုင်မလဲ။ အောက်ပါသော့ချက်တွေက သင့်ကို အကူအညီပေးဖို့ရှိနေပါတယ်။ အာရုံကြောသိပ္ပံ စမ်းသပ်လေ့လာ ချက် (Neuroscience Research) တွေ၊ စိတ်ပညာ (Psychology) နဲ့ ဗုဒ္ဓဘာသာ ဒဿန (Buddhist Philosophy) တွေကနေ ရရှိတဲ့သာဓကတွေကို အသုံးပြုပြီး ကျွန်မတို့ကို ပိုမိုပြီး သတိထားတတ်စေဖို့၊ အာရုံပျံ့လွင့်မှုနည်းပါးစေဖို့နဲ့ အရေးအကြီးဆုံးအခိုက်အတန့်လေးတွေကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့ နည်းလမ်းကောင်းတွေကို အကြံပြုပေးထားပါတယ်။


    • ဒစ်ဂျစ်တယ်ပစ္စည်း စွဲလမ်းနေသူများ
    • မိသားစုနဲ့ ဆက်ဆံရေးဝေးကွာနေသူများ
    • အာရုံစိုက်ရတဲ့အလုပ်လုပ်ရသူများ


    • နေ့စဥ်လမ်းလျှောက်ထွက်ခြင်းအလေ့အထရဲ့ သက်ရောက်မှု
    • multitasking နဲ့ switch-tasking တို့ရဲ့ကြားကကွာခြားချက်
    • မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှုကြာချိန်ကို တိုးမြှင့်ပေးနိုင်တဲ့ တရားထိုင်ခြင်းအလေ့အထ