The Algebra of Happiness

Scott Galloway
  •  18 min
  •  Audio Available


ပျော်ရွှင်မှုပြဿနာတွေအတွက် ဖြေရှင်းနည်းတွေဟာ ရိုးရှင်းပါတယ်။ သင့်စိတ်ကိုပျော်ရွှင်စေတဲ့အလုပ်တွေကို လုပ်ပြီး သင်ချစ်တဲ့သူတွေနဲ့ အချိန်ကုန်ဆုံးပါ။ ကံမကောင်းစွာနဲ့ပဲ ဒီလိုအရာတွေကို လုပ်နိုင်ဖို့ သင့်မှာ ဘဏ္ဍာရေး တောင့်တင်းခိုင်မာဖို့ လိုပါတယ်။ ဒီလိုနေရာကို ရောက်နိုင်ဖို့ သင်ဟာ လူငယ်ဘဝနဲ့ ဘဝနှောင်းပိုင်းအကြားက အလုပ်-ဘဝ ချိန်ခွင်တွေကို လဲလှယ်ဖို့လိုပါတယ်။ ဒါ့အပြင် သင့်အသက်မွေးဝမ်းကြောင်းနဲ့ ဘဏ္ဍာရေး ပတ်သက်ပြီး အမြော်အမြင်ကြီးမားစွာဆုံးဖြတ်ချက်အချို့ကို ချမှတ်နိုင်ဖို့ လိုပါတယ်။ ဒီဆုံးဖြတ်ချက်တွေမှာ လိုအပ်တဲ့အရည်အချင်းတွေကို ရယူနိုင်ဖို့၊ အခွင့်အလမ်းတွေ ပြည့်ဝနေတဲ့အရပ်ဒေသတွေဆီ ပြောင်းရွှေ့နိုင်ဖို့၊ သင့် ပိုက်ဆံတွေကို ခွဲခြမ်းစိတ်ဖြာပြီး ရင်းနှီးမြှုပ်နှံထားနိုင်ဖို့နဲ့ သင့်အတွက် ဝန်ထမ်းနဲ့အလုပ်ရှင် ဘယ်နေရာနဲ့ ပို ကိုက်ညီမလဲဆိုတာကို ဆင်ခြင်နိုင်ရပါမယ် ။


  • ·     သက်လတ်ပိုင်းဘဝနဲ့ ပင်စင်ယူပြီးအရွယ်အတွက် ကြိုတင်စဉ်းစားထားသော လူငယ်များ ။

    ·     စွန့်ဦးတီထွင်ခြင်းနှင့် ပုံမှန်အသက်မွေးဝမ်းကြောင်းကို နှိုင်းယှဉ်ချင့်ချိန်နေသော အောင်မြင်လိုသူများ။

    ·     အလုပ်-ဘဝကို မျှတစေရန် စိန်ခေါ်မှုတွေကို ရင်ဆိုင်ရန်ကြိုးစားနေသော မိသားစုဘဝကို ဦးစားပေးသူများ။



  • ·     သင့်ရဲ့လက်ရှိနဲ့အနာဂတ်ပျော်ရွှင်မှုတွေကြားမှာ မဖြစ်မနေအပေးအယူလုပ်ရမယ့်အရာများ။

    ·     သင့်ကို ဝန်ထမ်းကောင်းနဲ့ လုပ်ငန်းရှင်ကောင်းဖြစ်စေနိုင်မယ့် အသိအမှတ်မပြုခံရသော အလေ့အကျင့်များ ။

    ·     ချမ်းသာခြင်းရဲ့ တကယ့်အဓိပ္ပာယ် ။