သင်ဟာ ရေလွှာလျှောစီးပြိုင်ပွဲမှာ ဘုတ်ပြားပေါ်မှာထိုင်နေရင်း လှိုင်းတွေရဲ့အခြေအနေကို လေ့လာအကဲခတ်နေတယ်ဆိုပါစို့။ အဲဒီအချိန်မှာ ကြီးမားတဲ့လှိုင်းလုံးကြီးတစ်ခု အောက်ကနေအရှိန်နဲ့ ဆောင့်တက်လာတယ်။ သင်လည်း ဟန်ချက်ပျက်သွားပြီး ရေထဲကိုတစ်ခါတည်း ပြုတ်ကျသွားခဲ့ တယ်။ အဲ့ဒီအချိန်မှာပဲ ရေထဲမှာ ငါးဆူးတောင်ကို သင်မြင်လိုက်မိပါတယ်။ ဧရာမငါးမန်းကြီးတစ် ကောင်က သင့်ဆီကို အပြေးအလွှားလာနေတယ်။ သင်လည်း အစွမ်းကုန်ကူးခတ်ပြီး ဘုတ်ပြားပေါ် တက်ဖို့ ကြိုးစားနေတယ်။ ဒါပေမဲ့ ကြိုးကပြတ်ထွက်သွားခဲ့တယ်။ စက္ကန့်အနည်းငယ်အတွင်းမှာပဲ သင်ဟာ အသက်ရှင်ဖို့ မသေချာတော့ဘူး။ ဒါက ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်မှာ မစ်ဖန်းနီး (Mick Fanning) ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုဖြစ်ပါတယ်။ တောင်အာဖရိက J-Bay Open မှာ သူ့ရဲ့နောက်ဆုံးပွဲစဉ်ယှဉ်ပြိုင်စဉ်က ကြုံတွေ့ခဲ့ရတာဖြစ်ပြီး ဒီပွဲစဉ်ကိုတိုက်ရိုက်ထုတ်လွှင့်နေခဲ့ တာ ဖြစ်ပါတယ်။
၁၄ ပေလောက်ရှိတဲ့ ငါးမန်းဖြူတစ်ကောင်က သူ့ကိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ကံအား လျော်စွာ သူ့မှာ ခန္ဓာကိုယ်ထိခိုက်ဒဏ်ရာမရခဲ့ပေမဲ့ စိတ်ဒဏ်ရာအကြီးအကျယ်ရခဲ့ပါတယ်။ ဒီအဖြစ် အပျက်ကြုံပြီးနောက်ပိုင်း Fanning တစ်ယောက် ရေထဲကို လုံးဝမဆင်းရဲတော့ဘူး။ ဒီစိတ်ဒဏ်ရာကို ပြန်လည်ကုစားဖို့ အချိန်အများကြီးယူခဲ့ရတယ်။ ရေလွှာလျှောပြန်စီးဖို့ အချိန်နဲ့နေရာတွေကိုလည်း သေချာဂရုစိုက်ရွေးချယ်တော့တယ်။ ဒီအဖြစ်အပျက်ကနေရရှိလာတဲ့ အကြောက်တရားက ပင်လယ် ထဲမှာသာမက ရေနဲ့ဝေးတဲ့နေရာတွေအထိပါ မကြာခဏရိုက်ခတ်လာခဲ့ပါတယ်။ တစ်ယောက်တည်းရှိ တဲ့အချိန်တွေမှာ ဝမ်းနည်းငိုကြွေးနေခဲ့တယ်။ အဲဒီအချိန်ကစပြီး တစ်ခုခုဆိုတာနဲ့ ဝမ်းနည်းတတ်လာ တယ်။ နောက်ထပ်ပြိုင်ပွဲတွေပြိုင်ဖို့ ကြောက်လာတယ်။ ဒီဖြစ်ရပ်ကြီးကနေ လွတ်မြောက်ဖို့ တော် တော်လေး ကြိုးစားရုန်းကန်ခဲ့ရတယ်။ နောက်တစ်နှစ်ကြာပြီးနောက် Jeffreys Bay ကို ပြန်ရောက် တဲ့အချိန်မှာလည်း ဒီကြောက်စိတ်က သူ့မှာရှိနေတုန်းပါ ပဲ။ ဒါပေမဲ့ လှိုင်းတံပိုးတွေကိုသာမက သူ့စိတ် ကအကြောက်တရားကိုပါရင်ဆိုင်ရင်း သူလုပ်နိုင်တယ်ဆိုတာကို သက်သေပြသွားခဲ့ပါတယ်။
No New Notifications