ဆင်းရဲဒုက္ခနဲ့ပျော်ရွှင်မှုဆိုတာ ခေါင်းနဲ့ပန်းပါတဲ့အကြွေစေ့တစ်စေလိုပဲ။ တစ်ခုမရှိရင် အခြား တစ်ခုလည်း မရှိနိုင်ပါဘူး။ သူတို့က တစ်ခုနဲ့တစ်ခုလိမ်ယှက်နေပြီး လူသားတွေရဲ့ဘဝမှာ မပါမဖြစ် တဲ့အစိတ်အပိုင်းတွေ ဖြစ်ကြပါတယ်။ သဘာဝတရားကြီးအရ ဒီအစိတ်အပိုင်းနှစ်ခုကို သီးခြားစီခွဲ ထုတ်လို့ မရနိုင်ပါဘူး။ စစ်မှန်တဲ့ဘဝပျော်ရွှင်မှုကို အပြည့်အဝခံစားနိုင်ဖို့၊ ပျော်ရွှင်မှုရဲ့အဓိပ္ပာယ်ကို ပို ပြီးနက်နက်ရှိုင်းရှိုင်းနားလည်နိုင်ဖို့ လောကကြီးမှာ ပျော်ရွှင်မှုအပြင် ဆင်းရဲဒုက္ခတွေလည်းရှိတယ်ဆို တာကို လက်ခံရပါမယ်။ ဒီလိုဒုက္ခဆင်းရဲတွေကြောင့်သာ ပျော်ရွှင်မှုရဲ့အနှစ်သာရကို ပိုခံစားမိလာ ရတာဖြစ်ပါတယ်။ ဒီအရာနှစ်ခုက လူ့လောကကြီးမှာ အဓိကဓွန်တွဲနေတဲ့အရာနှစ်ခုဖြစ်တာကြောင့် တစ်ခုနဲ့တစ်ခု ခွဲထုတ်လို့မရနိုင်ပါဘူး။
အခက်အခဲဆိုတာ ပျော်ရွှင်မှုတွေ ရှင်သန်ပေါက်ဖွားရာမြေဆီဩဇာတစ်ခုဖြစ်ပါတယ်။ ဥပမာ - လွတ်မြောက်ခြင်းရဲ့သင်္ကေတဖြစ်တဲ့ကြာပန်းကို ကြည့်ပါ။ ကြာပန်းတွေရှင်သန်ပေါက်ဖွားဖို့ ရွှံ့ညွှန်ကိုလိုအပ်ပါတယ်။ ဒီရွှံ့ညွှန်တွေက ကြာပန်းတွေအတွက် အရေးပါတဲ့အထောက်အပံ့တွေဖြစ် ပါတယ်။ အခုလည်း ဒီသဘောတရားအတိုင်းပါပဲ။ ပျော်ရွှင်မှုဆိုတာဖြစ်လာဖို့ ဆင်းရဲဒုက္ခဆိုတာလို ကိုလိုအပ်ပါတယ်။ အရေးကြီးတာက ကြုံလာရတဲ့ဆင်းရဲဒုက္ခတွေကြားမှာ ဘယ်လိုအကောင်းဆုံးရှင် သန်မလဲဆိုတာပါပဲ။
No New Notifications