Start Finishing

Charlie Gilkey
  •  25 min
  •  Audio Available

သင့်မှာ လက်တွေ့အကောင်အထည်ပေါ်မလာတဲ့ စိတ်လှုပ်ရှားဖွယ် စိတ်ကူးစိတ်သန်း တွေ ဘယ်လောက်များများ ရှိပါသလဲ။ အကယ်၍ အများကြီးဖြစ်နေတယ် ဆိုရင်လည်း မစိုးရိမ်ပါနဲ့။ ဒါက သင် တစ်ယောက်တည်းကြုံတွေ့နေရတဲ့ကိစ္စတစ်ခု မဟုတ်ပါဘူး။ လူတိုင်း နီးပါးဟာ သူတို့ရဲ့ခေါင်းထဲမှာ အကြံ ဉာဏ်တွေ၊ စိတ်ကူးတွေ ဒုနဲ့ဒေး ရှိကြပါတယ်။ ဒါပေမဲ့ အချိန်ကောင်း၊ အခွင့်အခါကောင်းစောင့်ရင်း အဲဒါတွေဟာ ဘယ်တော့မှ အကောင်အထည် ပေါ်မလာခဲ့ပါဘူး။ အချို့လူတွေကျတော့လည်း သူတို့ စိတ်ပါဝင်စားရာကို စိတ်အား ထက်သန်စွာနဲ့ စတင်ခဲ့ကြပေမဲ့ အခက်အခဲ တစ်ခုခု ကြုံပြီဆိုတာနဲ့ ဆုံးခန်းတိုင်အောင်မလုပ်ဘဲ ရပ်တန့်ပစ်ကြပါတယ်။ အမှန်တော့ စိတ်ကူးတွေဆိုတာ အချိန်ကောင်း အခွင့်ကောင်းကို စောင့်နေဖို့ မလိုအပ်သလို၊ အခက်အခဲ တွေ့တဲ့နေရာမှာ ရပ်တန့်သင့်တဲ့အရာလည်း မဟုတ်ပါ။ ဒီစာအုပ်ထဲမှာပါတဲ့ ရှင်းလင်းလွယ်ကူတဲ့နည်းလမ်းတွေကို အသုံးချပြီး သင့်ရဲ့ စိတ်ကူး အကြံတွေကို လက်တွေ့ပရော့ဂျက်တွေအဖြစ် ဒီနေ့ပဲ အကောင်အထည်ဖော်လိုက်ပါ။


    • လုပ်ငန်းတစ်ခုစတင်ဖို့ အချိန်ကောင်း အခါကောင်း စောင့်စားနေသူတွေ။
    • လုပ်ငန်းစတင်ဖို့ အချိန်နဲ့အရင်းအနှီး အလုံအလောက် မရှိသူတွေ။
    • စိတ်ကူးအိပ်မက်တွေကို လက်တွေ့ဖြစ်အောင် အကောင်အထည် ဖော်လိုသူတွေ။

    • ကျွန်မတို့မှာရှိတဲ့ အရင်းအမြစ်တွေကို ဘယ်လိုပုံစံမျိုးနဲ့ အကောင်းဆုံး အသုံးချသင့်သလဲ။
    • တကယ်လေးနက်တဲ့ပန်းတိုင်တွေကို ဘယ်လိုနည်းလမ်းတွေနဲ့ ချမှတ်နိုင်သလဲ။
    • ခက်ခဲတဲ့လုပ်ငန်းတစ်ခု ပြီးမြောက်အောင်မြင်တိုင်း ဘာကြောင့် အောင်ပွဲခံသင့်သလဲ။