လူတွေ ဆုံးဖြတ်ချက် ချတဲ့အခါ တစ်သမတ်တည်း မဖြစ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ပြစ်ချက်တွေကို ဒီစာအုပ်မှာပြောပြထားပါတယ်။ ဒီပြစ်ချက်တွေဟာ လူတွေရဲ့ ဘက်လိုက်မှု ကြောင့် ဖြစ်ပေါ်တာတွေ မဟုတ်ပါဘူး။ ပြီးတော့၊ ဒီပြစ်ချက်တွေဟာ အလွယ်တကူလဲ မမြင် သာပါ။ စာရေးသူတို့က ဒီပြစ်ချက်တွေကို Noise (ဆူညံသံ) တွေလို့ မှည့်ခေါ်ထားပါတယ်။
ကျွမ်းကျင်သူတစ်ယောက်ဟာ ဆင်တူနေတဲ့ အခြေအနေတွေမှာတောင် သူ့ရဲ့ စိတ် အခြေအနေကြောင့်ဖြစ်စေ၊ အခြားအကြောင်းတစ်ခုခုကြောင့်ဖြစ်စေ မတူညီတဲ့ ဆုံးဖြတ်ချက် တွေ ချမိတတ်တာကို စာရေးသူတို့က ထုတ်ဖော်ထားပါတယ်။ ဒီလို ပြောင်းလဲသွားခြင်းဟာ ဥပဒေ၊ ဆေးဝါးနဲ့ စီးပွားရေးနယ်ပယ်တွေမှာ အကုန်အကျများတဲ့ အမှားတွေအထိ ဖြစ်သွားစေ နိုင်ပါတယ်။
ကျွန်မတို့ဟာ ပိုတိကျမှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်စေဖို့အတွက် ပိုပြီး စည်းစနစ် ကျတဲ့ တွေးခေါ်ပုံနဲ့ နည်းစနစ်တွေ လိုအပ်ပါတယ်။ စာရေးသူ Kahneman နဲ့ သူ့လုပ်ဖော် ကိုင်ဖက်တွေဟာ Noise စာရင်းစစ် ဆိုတဲ့ ဆုံးဖြတ်ချက်တွေ တစ်သမတ်တည်း မဖြစ်ခြင်းကို တိုင်းတာနိုင်တဲ့ နည်းလမ်းတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။
No New Notifications