How to Control Your Anxiety Before It Controls You

Albert Ellis
  •  25 min
  •  Audio Available

ဒီကနေ့ခေတ်မှာ စိုးရိမ်ပူပန်မှုကို နေရာတကာ တွေ့လာရပါတယ်။ အလုပ်မှာ မျှော်လင့်ထားတဲ့အတိုင်း ရာထူး မတိုးတဲ့အခါ၊ ဖောက်သည်တွေကို လက်လွတ်ဆုံးရှုံးရတဲ့အခါ၊ ကိုယ်ချစ်ရသူနဲ့ ခွဲခွာရတဲ့အခါ ကျွန်မတို့ စိတ်မှာ ပူပန်မှုတွေ ခံစားလာရမြဲပါ။ စိတ်ဖိစီးမှု များတဲ့အချိန်မှာဆိုရင် စိတ်ပျက်စရာအဖြစ်အပျက် အသေးအမွှား ကအစ ကျွန်မတို့စိတ်ကို ပူပန်မှု ဖြစ်စေပါတယ်။

ပူပန်မှုကို လျစ်လျုရှုတာ၊ ရှောင်ရှားတာက နည်းလမ်းကောင်း မဟုတ်ပါဘူး။ ဒီလိုလုပ်တာက ခဏတာ စိတ် သက်သာမှု ရနိုင်ပေမဲ့ ရေရှည်မှာ အထောက်အကူ မဖြစ်နိုင်ပါ။ ကျွန်မတို့က ပူပန်မှုကို လျစ်လျူရှုထားမယ်ဆိုရင် ကျွန်မတို့မသိလိုက်ခင်မှာပဲ အဲဒီပူပန်မှုက ကျွန်မတို့ဘဝတစ်ခုလုံးကို ကြိုးကိုင်ခြယ်လှယ်သွားပါလိမ့်မယ်။ ဒီတော့၊ ကျွန်မတို့စိတ်မှာဖြစ်ပေါ်လာတဲ့ ပူပန်မှုတွေကို ဘယ်လို ဖယ်ရှားမလဲ။ ဒီစာအုပ်က ကျွန်မတို့စိတ်မှာ ဖြစ်ပေါ်လာတဲ့ စိုးရိမ်ပူပန်မှုတွေကို ပိုပြီးနားလည်လာအောင် ကူညီပေးနိုင်မဲ့အပြင်၊ စိုးရိမ်ပူပန်စိတ်တွေက ကျွန်မတို့ဘဝကို ကြိုးကိုင် မခြယ်လှယ်ခင် ကျွန်မတို့က စိုးရိမ်ပူပန်စိတ်တွေကို ဘယ်လို ကြိုးကိုင်ခြယ်လှယ်ရမယ်ဆိုတဲ့ နည်းလမ်း ကောင်းတွေကိုပါ ဖော်ပြထားပါတယ်။


    •  အရာရာကို တွေးပူပန်တတ်သူတွေ။
    •  စိုးရိမ်ပူပန်မှုတွေနဲ့ တစ်ချိန်လုံး နေရသူတွေ။


    •  ပူပန်စိတ်က ကျွန်မတို့ဘဝကို ဘယ်လိုလွှမ်းမိုးချုပ်ကိုင်နိုင်ကြောင်း။
    •  ပူပန်စိတ်တွေ ဘယ်လိုဖြစ်ပေါ်လာကြောင်းနှင့်
    •  ဒီပူပန်စိတ်တွေကို ဘယ်လိုနည်းလမ်းတွေနဲ့ အနိုင်ယူနိုင်ကြောင်း။