The Things They Carried

Tim O'Brien
  •  18 min
  •  Audio Available

ဒီစာအုပ်ဟာ ဗီယက်နမ်စစ်ပွဲအတွင်းက အမေရိကန်စစ်သားတွေရဲ့အဖြစ်အပျက်တွေ‌အပေါ် အခြေခံပြီးရေးဖွဲ့ထားတဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ဒီလိုရေးသားရာမှာ သူတို့ရဲ့ရင်ထဲမှာ ဖြစ်တည် နေတဲ့ စိတ်ခံစားချက်နဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေတွေကို ပိုမိုရုပ်လုံးကြွအောင် စိတ်ကူးဉာဏ်ကွန့်ပြီး အချက်အလက်တွေနဲ့ရောနှောကာ ရေးသားထားတာဖြစ်ပါတယ်။ စစ်ဗိုလ်ဂျင်မီခရော့စ်လို အပြစ်ရှိ စိတ်‌ရဲ့ခြောက်လန့်ခြင်းကိုခံနေရတဲ့သူတွေ၊ စာရေးသူကိုယ်တိုင်ရဲ့စစ်ပွဲကစိတ်ဒဏ်ရာတွေ၊ မှတ် ဉာဏ်နဲ့အမှန်တရားကို ပုံပြင်ပြောသလိုခံစားရအောင်လုပ်ထားတာတွေကို ဒီစာအုပ်ထဲမှာတွေ့ရမှာပဲ ဖြစ်ပါတယ်။ ဒီစာအုပ်က စစ်ပွဲအကြောင်းဆိုတာထက်ပိုပြီး စစ်မြေပြင်က စစ်သားတွေအနေနဲ့ ဆုံးရှုံး ရမှုကို ဘယ်လိုရင်ဆိုင်တယ်၊ ရင်ထဲကလေးလံနေမှုကို ဘယ်လိုဖြေရှင်းတယ်ဆိုတာကို သေသေချာ ချာအသားပေးရေးသားထားတာပဲဖြစ်ပါတယ်။


    •        လူငယ်များ
    •        စစ်သားတွေရဲ့ဘဝအကြောင်းသိလိုသူများ
    •        တပ်ဝန်းထဲမှာနေထိုင်သူများ


    •        အမှန်တရားဆိုတာ အမြဲတိကျဖို့မလိုတဲ့အကြောင်း
    •        ဇာတ်ကြောင်းပြောပြခြင်းက စိတ်ဒဏ်ရာကိုကုစားပေးနိုင်တဲ့အကြောင်း
    •        လူငယ်တွေစစ်ပွဲထွက်ရတဲ့အခါပြောင်းလဲသွားတတ်တဲ့အကြောင်း