မျက်မှောက်ခေတ်နည်းပညာနှင့်ကွန်ပျူတာခေတ်ထဲမှာ တီထွင်ဖန်တီးမှုနဲ့ ပတ်သတ်ပြီး Jobs ကို ကျော်လွန်ဖို့ဆိုတာ ဘယ်လိုမှစွမ်းနိုင်မည်မဟုတ်ပါ။ အမြဲတမ်းတစ်စိတ်ထဲထားတတ်ပြီး အရမ်းစေ့စပ်သေချာသူတစ်ယောက်ဖြစ်တဲ့ Jobs ဟာ ကမ္ဘာကြီးကို နည်းပညာအသုံးပြုပြီးပြောင်းလဲချင်ခဲ့သူပါ။ Jobs ရဲ့ အလွန်အကျွန်စေ့စပ်သေချာတတ်မှုက သူ့ကိုအောင်မြင်အောင် တွန်းပို့ပေးသလို အဲဒီအချက်ကြောင့်ပဲ ဘယ်လိုတွန်းတိုက်မှုတွေ သဘောထားကွဲလွဲမှုတွေကို ရင်ဆိုင်ခဲ့ရသလဲဆိုတာ ဒီစာအုပ်ထဲမှာ တွေရမှာပါ။ လက်ရှိ နည်းပညာနှင့်ပတ်သက်ပြီး လွှမ်းမိုးမှုအရှိဆုံးသူတစ်ယောက်အကြောင်းအသေးစိတ်ပါဝင်သလို Jobs ရဲ့ လူငယ်ဘဝ အံ့ဩစရာကောင်းတဲ့ ကြိုးစားအားထုတ်မှုတွေပါ ဒီစာအုပ်ထဲမှာပါဝင်ပါတယ်။
· တီထွင်ဖန်တီးမှုတွေကို ဘဝတစ်လျှောက်သဲသဲမဲမဲ လုပ်ဆောင်ခဲ့တဲ့ စွန်ဦးတီထွင်သူ တစ်ယောက်အကြောင်း စူးစမ်းလေ့လာချင်သူများ။
· Apple ရဲ့ ကြီးမားလှတဲ့အောင်မြင်မှုကြီး ဘယ်လို ရခဲ့သလဲသိလိုသူများ။
· နေ့စဉ်အသုံးပြုနေတဲ့ နည်းပညာပစ္စည်းတွေကို တီထွင်ဖန်တီးပေးခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ ထူးခြားတဲ့ ပင်ကိုအရည်အသွေးတွေ အကြောင်းသိလိုသူများ။
· LSD နှင့် တရားထိုင်ခြင်းက ဒီနေ့ခေတ် နည်းပညာပစ္စည်းတွေ ဖန်တီးရာမှာ ဘယ်လိုဦးဆောင်ပါဝင်ကြောင်း။
· Woody နှင့် Buzz Lightyear သည် Steve Jobs မရှိဘဲ ဘာကြောင့်မရပ်တည်နိုင်ကြောင်း။
· တရုတ်အပ်စိုက်ကုထုံးနှင့် အသီးစားခြင်းနဲ့ သူ့ရဲ့ကင်ဆာရောဂါကို သက်သာပျောက်ကင်းနိုင်တယ်လို့ Jobs က တစ်ထစ်ကျယုံကြည်ရကြောင်း။
No New Notifications