ပျော်ရွှင်မှုက အရှာရခက်ပါတယ်။ ဒါပေမဲ့ ဖြစ်ပျက်နေတဲ့အရာတွေကိုဂရုမစိုက်ဘဲ အချိန် တိုင်းမှာပျော်ရွှင်ဖို့ ကျွန်မတို့ရွေးချယ်နိုင်ပါတယ်။ ကျွန်မတို့ကို မပျော်နိုင်အောင် တားဆီးနေတဲ့အရာ တွေက အကျိုးမရှိတဲ့ခံစားချက်တွေသာဖြစ်ပါတယ်။ ဒေါသ၊ စိတ်ပျက်မှုနဲ့ အခြားစိတ်ခံစားချက်တွေ က သူ့အကြောင်းတရားနဲ့သူညီညွတ်တယ်လို့ ထင်ရပေမဲ့ ဒါတွေကို အခြားရှုထောင့်တစ်ခုကနေ မြင် ကြည့်သင့်ပါတယ်။ ဒါကြောင့် ဒီခံစားချက်တွေက သင့်ဘဝကိုပိုပြီးအထောက်အကူပြုသလား၊ ဒါမှ မဟုတ် သင့်ဘဝကို အနိုင်ယူစိုးမိုးနေသလားဆိုတာကို စဉ်းစားကြည့်ပါ။
တကယ်လို့ ခံစားချက်တွေကြောင့် သင့်ကိုယ်သင် ပျက်စီးရာပျက်စီးကြောင်းဖြစ်အောင် ဆောင်ရွက်နေပြီဆိုရင်တော့ သင်ဟာ မှားယွင်းတဲ့ဇုံတစ်ခုထဲကို ရောက်ရှိနေပါပြီ။ ကျွန်မတို့အားလုံး ဟာ မှားယွင်းတဲ့ဇုံတစ်ခုထဲကို ရောက်သွားပြီဆိုရင် ကျွန်မတို့ကိုယ်ကျွန်မတို့ ပိုကောင်းတဲ့သူ၊ ပိုပျော် ရွှင်တဲ့သူဖြစ်အောင် မစွမ်းဆောင်နိုင်ကြတော့ပါဘူး။ ဒါကြောင့် ကျွန်မတို့ရဲ့အတွင်းစိတ်အတားအ ဆီးတွေကို သတ်မှတ်ဖော်ထုတ်ပြီး ဘာကြောင့် ဒီလိုအတားအဆီးတွေ ရှိနေသလဲဆိုတာကို နားလည် နိုင်အောင်ကြိုးစားရပါမယ်။ ဒါမှသာ မှားယွင်းတဲ့ဇုံထဲကနေ ရုန်းထွက်နိုင်ပြီး ကိုယ်လိုချင်တဲ့ဘဝနေ ထိုင်မှုပုံစံနဲ့ စတင်ရှင်သန်နိုင်မှာ ဖြစ်ပါတယ်။
No New Notifications