The Gift of Fear

Gavin de Becker
  •  25 min
  •  Audio Available

အကြမ်းဖက်မှုဆိုတာ လူ့သဘာဝ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး၊ လူ့လောကရဲ့ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် တစ်ခုလဲ ဖြစ်ပါတယ်။ ကျွန်မတို့ဟာ အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး နာလည်မှု လွဲကြတာကြောင့် ၊ ကိုယ့် ကိုယ်ကိုယ် အကြမ်းဖက်မှုအန္တရာယ်ကနေ အချိန်မီ မကာကွယ်နိုင်ကြပါဘူး။ ဒါပေမဲ့၊ ကျွန်မတို့အားလုံးမှာ အန္တရာယ် အငွေ့အသက်ကို ကြိုတင်ခံစားနိုင်တဲ့ မွေးရာပါအရည်အချင်း ရှိကြပါတယ်။ ဒါကို ကျွန်မတို့ရဲ့ ဆဌမအာရုံ လို့ ခေါ်ပါတယ်။

သင်ဟာ ညအချိန် အိမ်ကိုလမ်းလျှောက်ပြန်ရင်း စိတ်ထဲ တစ်ခုခု မသိုးမသန့်ခံစားရတာမျိုး ကြုံဖူး ပါသလား။ ဒါဟာ သင့်ရဲ့ဆဌမအာရုံက သင့်ကို ဘေးကင်းအောင် တိုက်တွန်းနှိုးဆော်နေတာ ဖြစ်ပါတယ်။ ဒါပေမဲ့၊ သင့်ရဲ့ဆဌမအာရုံ ပြောစကားကို သင် နားထောင်ခဲ့ပါသလား။ လူအများစုဟာ ဆဌမအာရုံ ပြောစကားထက် ဆင်ခြင်တွေးတောနိုင်စွမ်းကို ဦးစားပေးကြပါတယ်။ ဒီလိုနဲ့၊ အန္တရာယ်နဲ့ ထိပ်တိုက် မကြုံသင့်ဘဲ ကြုံကြရပါတယ်။ ဒီစာအုပ်က အန္တရာယ်သတိပေးချက်တွေကို အကောင်းဆုံး ဖော်ထုတ်နိုင်မဲ့ နည်းလမ်းတွေနဲ့ ကျွန်မတို့ရဲ့ ဆဌမအာရုံကို ယုံကြည်ခြင်းကြောင့် ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြပေးထားပါတယ်။


    •        မိမိရဲ့ဘေးကင်းရေးကို စိုးရိမ်ပူပန်နေသူတွေ။
    •        လုပ်ငန်းခွင်သဘာဝအလျောက် တွေ့ရှိရတဲ့အန္တရာယ်ကို ရှောင်ရှားလိုသူတွေ။
    •        ကြောက်စိတ်နဲ့ အကြမ်းဖက်မှုအကြောင်း လေ့လာသင်ယူလိုသူတွေ။



    •        သင့်ရဲ့ဆဌမအာရုံကို ဘာကြောင့် ယုံကြည်သင့်ကြောင်း။
    •        စိုးရိမ်ပူပန်မှုလွန်ကဲခြင်းကြောင့် ဘယ်လိုအကျိုးဆက်တွေ ဖြစ်ပေါ်နိုင်ကြောင်း။
    •        အကြမ်းဖက်မှုတိုင်းကို ဘယ်လို တုံ့ပြန်ကာကွယ်နိုင်ကြောင်း။