မျှဝေခံစားခြင်းနဲ့စာနာသနားခြင်းက လောကကြီးမှာရှိတဲ့အမုန်းတရားတွေနဲ့ အခြေအမြစ်မရှိ တဲ့အစွဲအလမ်းတွေကို ကုစားပေးနိုင်တယ်လို့ လူအများစုကလက်ခံထားကြပါတယ်။ ဒါပေမဲ့ ဒါက ပြောသလောက်မလွယ်ပါဘူး။ တကယ့်လက်တွေ့မှာ စာနာသနားခြင်းနဲ့ မျှဝေခံစားပေးခြင်းတို့က ပြ ဿနာတွေကို ဖန်တီးပေးတတ်သလို ကျွန်မတို့ကိုလည်း စဉ်းစားဆင်ခြင်ဉာဏ်မဲ့သွားစေပါတယ်။ ဒါ က လူတွေအတွက်အထောက်အကူဖြစ်စေမဲ့အစား ထိခိုက်နစ်နာမှုတွေသာဖြစ်ပေါ်စေပါတယ်။
လောကကြီးမှာ ဝမ်းနည်းစရာတွေအဖြစ်အပျက်တွေ များစွာရှိပါတယ်။ အပြစ်မဲ့ဒုက္ခသည် တွေနဲ့ ဘဝဆုံးရှုံးသွားတဲ့သူတွေအတွက် ကျွန်မတို့လည်း သူတို့နဲ့အတူ ထပ်တူခံစားကောင်းခံစားရပါ လိမ့်မယ်။ ဒါပေမဲ့ သင့်ကိုယ်သင် အရိုးသားဆုံးဆန်းစစ်ကြည့်မယ်ဆိုရင် အချို့အဖြစ်အပျက်တွေက သူများအတွက်ဆိုတာထက် ကိုယ့်အတွက်ပိုပူတာမျိုး ဖြစ်နေတတ်ပါတယ်။ ဒါက စာနာသနားမှု တစ်ခုတည်းကို လက်ကိုင်မထားသင့်ဘူးဆိုတဲ့အကြောင်းအရင်းတစ်ခုပဲ ဖြစ်ပါတယ်။
နိုင်ငံရေးခိုလှုံခွင့်တောင်းသူတွေအပေါ်ထားတဲ့စာနာမှုမျိုးကို သင့်အိမ်နီးနားချင်းတွေဆီက ရရှိဖို့အတွက် သင်ကတောင့်တနေတယ်ဆိုရင် အဲဒီအတွက် စာနာမပေးနိုင်တာကို အပြစ်မတင်ပါနဲ့။ အပြစ်တင်ချင်တယ်ဆိုရင် စာနာနားလည်မှုရဲ့ဘက်လိုက်တတ်တဲ့သဘောကိုသာ အပြစ်တင်သင့် ပါတယ်။
No New Notifications