Gambler

Billy Walters
  •  21 min
  •  Audio Available

ဘီလီဝေါ်တာဟာ ဆင်းရဲချို့တဲ့စွာ မွေးဖွားလာသူဖြစ်ပေမဲ့၊ ကြီးပြင်းလာချိန်မှာတော့ အမေရိကန်သမိုင်းမှာ ဒေါ်လာ သန်း ၁၀၀ အထိ ပိုင်ဆိုင်ခဲ့တဲ့ အအောင်မြင်ဆုံး အားကစားလောင်းကြေးထပ်သူ ဖြစ်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် မှာ စီကာ အားကစားလောင်းကြေးထပ်သူ ဂန္တဝင်ပုဂ္ဂိုလ်အဖြစ် နံရံပေါ် ပုံချိတ်ဆွဲခံခဲ့ရပြီး၊ သူဟာ ဒီဘက်ခေတ် အားကစားတွေအပေါ် လောင်းကြေးထပ်တဲ့ပုံစံကို ဖော်ပေးခဲ့သူဖြစ်သလို၊ ကျွမ်းကျင်သူတွေ လောင်းကြေးထပ်ကြ တဲ့ သီအိုရီကိုလဲ ထုတ်ဖော်ပေးခဲ့သူဖြစ်ပါတယ်။ အားကစား လောင်းကြေးထပ်တာအပေါ် သူ့ရဲ့ လျို့ဝှက်နည်းလမ်း တွေကို ဒီစာအုပ်မှာ ဖော်ပြခဲ့ပြီး၊ လက်စ်ဗီးဂတ်စ်မြို့မှာနေထိုင်ရင်း နှစ်စဉ် ငွေအများကြီး ရအောင်လုပ်ခဲ့ပုံကိုလဲ အသေးစိတ် ပြောပြပါတယ်။ သူ ဒီလိုအနေအထားကိုရောက်ဖို့ ကျော်ဖြတ်ခဲ့ရပုံတွေ၊ အရက်နဲ့လောင်းကစားကို ရူးသွပ်စွဲလမ်း ခဲ့ပြီးနောက် လက်စ်‌ဗီးဂတ်စ်မြို့ရဲ့ အားကစားလောင်းကြေးထပ်သူတစ်ယောက် ဖြစ်လာခဲ့ပုံတွေကို အသေးစိတ် ပြောပြထားပါတယ်။

    •        ဂန္တဝင် အားကစား လောင်းကြေးထပ်သူ ဝေါ်တာအကြောင်း သိလိုသူများ၊
    •        အားကစား လောင်းကြေးထပ်ခြင်းအကြောင်း သိလိုသူများ၊
    •        လောင်းကစားကို စည်းစနစ်တကျ လုပ်ကိုင်လိုသူများ။


    •        ဘီလီဝေါ်တာရဲ့ ကလေးဘဝအ‌ကြောင်း၊
    •        ဘီလီဝေါ်တာ လောင်းကစားလောကထဲ ဝင်ဖြစ်ခဲ့ပုံအကြောင်း၊
    •        လက်စ်ဗီးဂတ်စ်မြို့မှာ  ဘီလီဝေါ်တာ နာမည်ကျော်လာပုံအကြောင်း။