Gaslighting

Stephanie & Moulton Sarkis
  •  21 min
  •  Audio Available

သင်ဟာ သင့်ဖြစ်တည်မှု၊ သင့်ဘဝနဲ့ပတ်သက်ပြီး သင့်ကိုယ်သင် သံသယဖြစ်နေပါသလား။ သင်မလုပ်ခဲ့မိတဲ့အရာတွေအတွက် အပြစ်ရှိသလိုခံစားနေရပါသလား။ သင့်စိတ်ထဲမှာ နေမထိထိုင် မသာဖြစ်နေပြီး လမ်းပျောက်နေသလိုခံစားနေရပါသလား။ သင့်စိတ်မှာ ဒီလိုမျိုးသံသယတွေဝင် လာအောင် ဘယ်သူကလုပ်လိုက်တာလဲ။ သင်က အဲဒီလူတွေကို ရင်ဆိုင်ဖို့ကြိုးစားတိုင်း မလှိမ့်တပတ် အလုပ်ခံရပြီး စိတ်တွေပိုရှုပ်ထွေးလာတာမျိုးကို ကြုံဖူးတယ်မဟုတ်ပါလား။

ဒါဆိုရင်တော့ သင်ဟာ Gaslighting အလုပ်ခံနေရပါပြီ။ Gaslighting အလုပ်ခံရတယ်ဆိုတာ သင့်ဖြစ်တည်မှု၊ သင့်ခံယူချက်တွေနဲ့ပတ်သက်ပြီး သင့်ကိုယ်သင်သံသယဝင်လာတာဖြစ်ပါတယ်။ သင့်ကို ဒီလိုဖြစ်အောင်လုပ်တဲ့သူတွေကို Gaslighter လို့ခေါ်ပါတယ်။ Gaslighterတွေက လူတွေကို သူ့တို့ပြောတဲ့စကားနားထောင်လာအောင်၊ သူတို့ကြိုးကိုင်ခြယ်လှယ်သမျှနာခံလာအောင် မသိမသာ လှည့်စားပြောဆိုတတ်ကြပါတယ်။ သူတို့ဟာ သူတို့ရဲ့အပြစ်ကို သင့်အပြစ်ဖြစ်အောင် ပြောင်းလဲပစ် နိုင်ကြပါတယ်။ ဒါကြောင့် ဒီလိုလူမျိုးတွေ နေရာတကာပျံ့နှံ့နေတဲ့ခေတ်ကြီးထဲမှာ သူတို့လက်က လွတ်အောင် သင်ဘယ်လိုရုန်းထွက်မလဲ။ သူတို့ရဲ့ထောင်ချောက်ထဲမမိအောင် သင်ဘယ်လိုရှောင် တိမ်းမလဲ။ အဲ့ဒီမေးခွန်းတွေရဲ့အဖြေကို ဒီစာအုပ်ထဲမှာ သင်ရှာတွေ့နိုင်ပါတယ်။


    •        အရာရာအသုံးမကျဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ်အပြစ်တင်နေသူတွေ
    •        လူတွေရဲ့သဘောသဘာဝကို လေ့လာလိုက်စားနေသူတွေ



    •        Gaslighting လုပ်တဲ့လူတွေမှာ တွေ့ရတဲ့အမူအကျင့်တွေအကြောင်း
    •        Gaslighting အလုပ်မခံရအောင် ဘယ်လိုရှောင်တိမ်းမလဲဆိုတဲ့နည်းလမ်းတွေအကြောင်း
    •        Gaslighting လုပ်တဲ့မိဘတွေကြောင့် သားသမီးရဲ့အနာဂတ်ဘယ်လိုပျက်စီးသွားနိုင်ကြောင်း