Born A Crime

Trevor Noah
  •  15 min
  •  Audio Available

ထရီဗာ နိုအာ (Trevor Noah)ဟာ ပြစ်မှုတစ်ခုအဖြစ် မွေးဖွားလာသူ ဖြစ်ပါတယ်။ ဒီလိုပြောနိုင်ရတဲ့ အကြောင်း အရင်းကတော့ အဖေက လူဖြူ၊ အမေက လူမည်း ဖြစ်နေတာကြောင့်ပါ။ အဲ့ဒီခေတ်ဥပဒေအရ လူဖြူနဲ့လူမည်း ပေါင်းသင်းနေထိုင်ခြင်းက တရားမဝင်လို့ ဖြစ်ပါတယ်။ ဒါဟာ တိုင်းပြည်ကို သစ္စာဖောက်တဲ့အမှုလို ကြီးမားတဲ့ ပြစ်မှုပါ။ ဒီဥပဒေဟာ တောင်အာဖရိက လူမည်းတွေကို လူဖြူတွေနဲ့ လက်မထပ်နိုင်အောင် လုပ်ထားတာ ဖြစ်ပါတယ်။ ဥပဒေ အရဆိုရင် လူမျိုးမတူသူနဲ့ လိင်ပိုင်းဆိုင်ရာအရ ဆက်နွယ်မှုရှိခြင်းဟာ ပြစ်မှုကျူးလွန်ခြင်းပါပဲ။ ဒီပြစ်မှုကို ကျူးလွန်သူ မိဘတွေ ထောင်ချခံရပြီး၊ ကလေးတွေကိုတော့ မိဘမဲ့ကျောင်းကို ပို့ပစ်ကြပါတယ်။

 ဒီစာအုပ်မှာ နိုအာက သူ တောင်အာဖရိကမှာ ကြီးပြင်းခဲ့ပုံ၊ လူမျိုးရေးခွဲခြားတဲ့စနစ်အောက်မှာ ဖြတ်သန်းခဲ့ပုံ တို့ကို ဖော်ပြထားပါတယ်။ သူဟာ ဖခင်ဖြစ်သူနဲ့ အချိန်နည်းနည်းပဲ အတူနေနိုင်ခဲ့ပြီး၊ အဲဒီအချိန်တွေကလဲ အိမ်ထဲမှာပဲ နေဖြစ်ခဲ့တာပါ။ သူတို့ အိမ်အပြင်ဘက် လမ်းလျှောက်ထွက်ဖြစ်လာရင်တောင်မှ သူ့အဖေက အခြားလမ်းတစ်ဖက်က လျှောက်ပြီး၊ သူတို့သားအမိကို မသိတဲ့ပုံစံမျိုးနဲ့ နေရပါတယ်။ မဟုတ်ရင် သူတို့အားလုံး ဖမ်းစီးစစ်ဆေး ခံရမှာမို့ပါ။

ထရီဗာက သူ့အဖေထက် အသား ပိုနက်မှောင်ပြီး၊ ကပြားအဖြစ် သတ်မှတ်ခြင်းခံရသူ ဖြစ်ပါတယ်။ တောင် အာဖရိမှာ ကပြားတွေနဲ့ လူမည်းလည်းမဟုတ် လူဖြူလည်းမဟုတ်တဲ့ သွေးရောတွေကို ကပြားအုပ်စုဆိုပြီး ခွဲခြားထား ပါတယ်။ အစိုးရကလည်း လူတွေကို လူဖြူဆို လူဖြူ၊ လူမည်းဆို လူမည်း၊ အိန္ဒိယဆို အိန္ဒိယ၊ ကပြားဆို ကပြား ဆိုပြီး မှတ်ပုံတင် ပြုလုပ်စေပါတယ်။ နိုအာက သူ့အမေထက်တော့ ပိုဖျော့တဲ့ အသားအရောင်ရှိတာကြောင့် သူ့အမေနဲ့လည်း လူရှေ့မှာ အတူတူ လမ်းလျှောက်လို့ မရပြန်ပါဘူး။ သူတို့တွေ လမ်းလျှောက်ထွက်တဲ့အခါတိုင်း သူ့အမေက အခြားအသိ ကပြား တစ်ယောက်ကိုပါ အတူပါဖို့ ခေါ်ရပါတယ်။ ဒါမှ၊ လူတွေက သူတို့ကို ကပြား သားအမိနဲ့ အိမ်ဖော်အဖြစ် မြင်ကြ ပြီး၊ ဒါဟာ ရဲတွေ စုံစမ်းချင်တာမျိုး မဖြစ်အောင်လုပ်လိုက်တာပါပဲ။

နိုအာက သူ့အမေရဲ့လက်ထဲမှာပဲ ကြီးပြင်းရတာကြောင့် အမေရဲ့လွှမ်းမိုးမှုတွေ သူ့ဆီမှာ ရှိနေပါတယ်။ ဒီစာအုပ် က နိုအာရဲ့ဘဝအကြောင်းဖြစ်ပြီး၊ သူ ‌အောင်မြင်တဲ့လူ ဖြစ်လာရတာက အမေ့ကြောင့်ဆိုတာကို ပြောပြတဲ့ စာအုပ်လို့လဲ ပြောလို့ရပါတယ်။ သူ့အမေဟာ သန်မာပြီး အမှီအခိုကင်းတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်တာနဲ့အညီ သူမကိုယ်သူမ လူမည်းဖြစ်ရတာနဲ့ပတ်သက်ပြီး ကံကြမ္မာကို ဘယ်တော့မှ အပြစ်မတင်ခဲ့သူပါ။ သူမ လုပ်ချင်တာတွေကို တတ်နိုင် သလောက် လုပ်ရင်း၊ သူမ ဖြစ်ချင်တွေကို ဖြစ်အောင် လုပ်ခဲ့သူလည်း ဖြစ်ပါတယ်။ သူမအနေနဲ့ နိုအာ့ကို ကိုယ်ဝန် ဆောင်ဖြစ်ခဲ့တာဟာ ယောက်ျားဖြစ်သူနဲ့ ဘဝတစ်ခုတည်ဆောက်ချင်ရုံမျှသာ မဟုတ်ပါ။ ကလေးတစ်ယောက်ယူပြီး မိခင် ဖြစ်ချင်တာကြောင့်လည်း ဖြစ်ပါ‌တယ်။ နိုအာကို မွေးဖွားပြီးနောက် ခင်ပွန်းသည်ရဲ့ အဝေးမှာနေကာ၊ နိုအာ့ကို ခွဲခြားဆက်ဆံခံရတဲ့ ပတ်ဝန်းကျင်မှာ မရှိနေအောင် သူမ တစ်ယောက်တည်း ပျိုးထောင်ခဲ့ပါတယ်။ ဘဝက ခက်ခဲတယ် ဆိုပေမဲ့၊ နိုအာက အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့ပြီး သူ့အမေရဲ့ ကာကွယ်မှုအောက်မှာ အကောင်းဆုံး ကြိုးစားရင်း ကမ္ဘာကျော် ရှိုးပွဲတင်ဆက်သူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။


    •        ထရီဗာ နိုအာရဲ့ ပရိတ်သတ်များ၊
    •        သူ့အကြောင်း သိလိုသူများ၊
    •        လူမျိုးရေးခွဲခြားတဲ့စနစ်အောက်က ဘဝတွေအကြောင်း သိလိုသူများ။



    •        ထရီဗာ နိုအာရဲ့ ကလေးဘဝအကြောင်း၊
    •        သူ ငယ်စဉ်ဘဝမှာ ဖြတ်သန်းခဲ့ရပုံတွေ အကြောင်း၊
    •        လူမျိုးရေးခွဲခြားတဲ့စနစ် အကြောင်း။