သာမန်အားဖြင့်ဆိုရရင် ကျွန်မတို့ တွေးလိုက်မိတဲ့ အတွေးအားလုံးက အရေးပါတယ်လို့ ထင်မှတ်စရာ ဖြစ်ပေမဲ့၊ စာရေးသူကတော့ ဒါဟာ လုံးဝလွဲမှားနေတယ်လို့ ထောက်ပြပါတယ်။ ကျွန်မတို့ရဲ့အတွေးတွေဟာ လောကကို ကျွန်မတို့ ရှုမြင်ပုံ၊ ကောက်ချက်ချပုံ၊ တုံ့ပြန်ပုံတွေနဲ့ ဆက်စပ်နေတာတွေပါ။ လူသားတွေဟာ မိမိတို့ ပတ်ဝန်းကျင်မှာ အန္တရာယ် ရှိ၊မရှိ ဆိုတာကို အမြဲ သုံးသပ်တတ်တဲ့အတွေး မရှိဘူးဆိုရင် ဒီကနေ့ အခြေအနေထိ တိုးတက်လာမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီကနေ့လို လုံခြုံစိတ်ချရတဲ့ခေတ်မှာတော့ ဒီစွမ်းရည် က မလိုအပ်တော့ပါ။ ဒီစွမ်းရည်ဟာ လူတွေကို စိတ်ဖိစီးစေခြင်း၊ ပူပန်စေခြင်းတွေသာ ဖြစ်လာစေပါတယ်။
ဒီလိုဖြစ်တာတွေကနေ လွတ်မြောက်ချင်တယ်ဆိုရင် ကျွန်မတို့ တွေးတောတာတွေကို မယုံကြည်မှဘဲ ရပါလိမ့်မယ်။ ဒီလိုလုပ်ဖို့အတွက် အတွေးတွေကို ဝေဖန်တာ မလုပ်ဘဲ၊ ငြင်းဆန်တာ မလုပ်ဘဲ သူ့အတိုင်း လေးပဲ ဖြတ်သန်းသွားစေရပါမယ်။ ဂျပန်ယဉ်ကျေးမှုမှာ ဒီကျင့်စဉ်ကို "မူရှင်" လို့ခေါ်ပြီး၊ အနောက်တိုင်း ယဉ်ကျေးမှုမှာတော့ စီးဆင်းမှုဖြစ်စဉ်လို့ ခေါ်ပါတယ်။ နှစ်ခုစလုံးက ဘာကိုမှ မတွေးတဲ့အခြေအနေကို ထိန်းထားနိုင်အောင် ကျင့်ကြံ ပြီး၊ ပူပန်မှုမရှိစေတော့အောင် လုပ်ကြရတာပဲ ဖြစ်ပါတယ်။
No New Notifications