The Wide Wide Sea

Hampton Sides
  •  25 min
  •  Audio Available

စာရေးသူရဲ့ဒီစာအုပ်ဟာ ရေတပ်မှူးကြီးဂျိန်းကွတ်တစ်ယောက် သူ့ဂုဏ်သတင်းအထွတ်အ ထိပ်ကိုရောက်နေချိန်မှာ သူ့ရဲ့တတိယနဲ့ နောက်ဆုံးခရီးစဉ်ကိုထွက်လာခဲ့တဲ့အကြောင်းပဲ ဖြစ်ပါ တယ်။ သူ့တာဝန်က အနောက်မြောက်ပစိဖိတ်ဒေသဘက်ကို သွားလာဖို့ အကောင်းဆုံးလမ်းကြောင်း ကို ရှာဖွေဖို့ပဲဖြစ်ပါတယ်။ ခရီးလမ်းတစ်လျှောက်မှာ ကွတ်တစ်ယောက် သူတို့လိုဥရောပသားတွေနဲ့ ကျွန်းပေါ်နေတိုင်းရင်းသားတွေရဲ့ကြားညှိနှိုင်းယူရမှုတွေနဲ့ ကြုံဆုံခဲ့ရပါတယ်။ ဒါပေမဲ့လဲ နှစ်ဦးနှစ်ဖက် ကြားမှာ နားလည်မှုတွေမရှိခဲ့တာကြောင့် အခြေအနေတွေဟာ အဆင်မပြေခဲ့ပါဘူး။ ဒီလိုနဲ့ ရေတပ် မှူးကြီးကွတ်တစ်ယောက် ကျွန်းပေါ်ရှိလူတွေနဲ့အဆင်မပြေဖြစ်ရာကနေ ဟာဝိုင်အီမှာသေဆုံးသွားခဲ့ ရပါတယ်။ သူက နေရာသစ်တွေကိုရှာဖွေစူးစမ်းရာမှာ အတော်လေးအားကောင်းပေမဲ့ သူရှာဖွေတွေ့ ရှိတဲ့နေရာသစ်မှာကျင့်သုံးတဲ့ ယဉ်ကျေးမှုထုံးတမ်းတွေနဲ့ညှိယူရာမှာ အခက်အခဲတွေနဲ့ကြုံတွေ့ခဲ့ရ တာပဲဖြစ်ပါတယ်။ သူဟာ အင်မတန်တော်တဲ့နယ်မြေရှာဖွေသူ၊ တွေးခေါ်မြော်မြင်ဉာဏ်ကြီးမားတဲ့ မနုဿဗေဒပညာရှင်အဖြစ် အရင်ကရှုမြင်သုံးသပ်ခြင်းကိုခံခဲ့ရပေမဲ့ အခုဆိုရင် သူ့ကို ဗြိတိန်အင်ပါယာ တိုးချဲ့ရာမှာ အဓိကကျတဲ့ဗိုလ်မှူးအဖြစ် လူတွေကသိနေကြတာပဲဖြစ်ပါတယ်။


    •        ဂျိန်းကွတ်ရဲ့အကြောင်းကိုဖတ်လိုသူများ
    •        သမိုင်းကြောင်းတွေကို သိလိုသူများ
    •        စွန့်စားခန်းတွေကိုကြိုက်သူများ



    •        ဂျိန်းကွတ်ရဲ့နောက်ဆုံးခရီးစဉ်အကြောင်း
    •        သူဘယ်လိုသေဆုံးခဲ့တယ်ဆိုတဲ့အကြောင်း
    •        ခရီးစဉ်တစ်လျှောက်တွေ့ရတဲ့ကျွန်းများအကြောင်း