လူသားတွေဟာရှင်သန်နေထိုင်ဖို့ရာ ရုန်းကန်ကြိုးစားနေပြီး မျိုးနွယ်မျိုးဆက်ကိုလည်း မပြတ် ကျန်ရှိစေရင်း အချိန်နဲ့အမျှ ပိုပြီးတိုးတက်အောင်မြင်လာကြပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ တိုးတက် ပြောင်းလဲလာပါစေ၊ ကျွန်မတို့လူသားမျိုးနွယ်တွေ နေ့စဥ်နဲ့အမျှ ရုန်းကန်ဖြေရှင်းနေရတဲ့ပြဿနာ တွေကတော့ ရှိနေဆဲပါပဲ။ ဘာကြောင့်လို့ သင်ထင်ပါသလဲ။
စာရေးဆရာ ရေးဒေါ့နက်စီ (Randolph M. Nesse) က အဲ့ဒီမေးခွန်းရဲ့အဖြေကို ဒီစာအုပ်မှာ ဖြေဆိုပေးထားပါတယ်။ စာရေးဆရာရှင်းပြထားတာကတော့ ကျွန်မတို့ရဲ့ ရှုပ်ထွေးတဲ့စိတ်ခံစားချက်တွေ၊ အစားအသောက်၊ လိင်မှုကိစ္စနဲ့ ဆေးခြောက်တွေရဲ့ဘေးမှာ တဝဲလည်လည်လုပ်မိနေရင်း ကြုံလာရတဲ့ ဖရိုဖရဲဒုက္ခတွေအားလုံးမှာ ကောင်းမွန်တဲ့အကြောင်းပြချက်တွေ ရှိနေပါတယ်တဲ့။ အချိန်နဲ့အမျှဖွံ့ဖြိုး ပြောင်းလဲလာတဲ့ ကျွန်မတို့ရဲ့စိတ်ခံစားချက်ပုံစံတွေ၊ ဒီစိတ်ခံစားချက်တွေနဲ့ မျက်မှောက်ခေတ်နေထိုင်မှု ပုံစံကြားက ပြဿနာတွေအတွက် ဖွံ့ဖြိုးတိုးတက်ရေးသိပ္ပံပညာရဲ့မထင်မှတ်ထားတဲ့ အလှည့်အပြောင်း တွေကို ဥပမာအနေနဲ့ လေ့လာနိုင်ပါတယ်။
တစ်ခါတလေ ပျော်ရွှင်တဲ့ဘဝတစ်ခုကိုပိုင်ဆိုင်နိုင်ဖို့အတွက် ကျွန်မတို့ရဲ့ခံစားချက်တွေက အတားအဆီးတွေ ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ ဒါပေမဲ့ နှစ်မြို့ဖွယ်မကောင်းတဲ့ စိတ်ခံစားချက်မျိုး ဖြစ်နေဦးမယ်ဆိုရင်တောင် ကျွန်မတို့အတွက် အကြောင်းပြချက်ကောင်းတွေ ရှိနေပါတယ်။ ဒီအကြောင်းပြချက်ကောင်းတွေကို သေချာနားလည်ထားရင် ကျွန်မတို့ရဲ့ခံစားချက်တွေ ပိုပြီးအဆင်ပြေ လာပါလိမ့်မယ်။
No New Notifications