အားကစားဆိုတာ တချို့လူတွေအတွက်တော့ ဝါသနာအလုပ်တစ်ခု ဆိုတာထက် အဓိပ္ပါယ် ပိုလေးနက်ပါတယ် ။ အားကစားသည် သူတို့အိမ်၊ အားကစားသည် သူတို့ဘဝ၊ အားကစားသည် သူတို့ရဲ့ကိုယ်ပိုင်အမှတ်သရုပ်၊ အားကစား သည် သူတို့ရဲ့အောင်မြင်မှု စသဖြင့် မှတ်ယူကြပါတယ်။ အားကစားက လူ့အသိုင်းအဝိုင်းရဲ့ အမှတ်သရုပ်တွေနဲ့ရော၊ လူတစ်ဦးချင်းရဲ့ ကိုယ်ပိုင်အမှတ်သရုပ်တွေနဲ့ပါ ပတ်သက်နေတာမျိုးပါ။ အားကစားကို ကြိုက်နှစ်သက်ခြင်းဟာ ကြည့်ရှုရတဲ့ ပြိုင်ပွဲတွေကို သာမက၊ ပြိုင်ပွဲတွေကတစ်ဆင့် သူတို့ရဲ့ဘဝဇာတ်လမ်းတွေအကြောင်း ပြောပြခွင့်ရလို့ လည်း ဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာ၊ ရှုံးနိမ့်မှု၊ မျှော်လင့်ချက် တို့နဲ့ ရက်ယှယ်ထားတဲ့ ဒီဇာတ်လမ်းတွေဟာ ကျွန်မတို့ကို သူတို့ရဲ့ဘဝအခြေအနေ ရှုပ်ထွေးမှုတွေအပေါ် ပိုနားလည်လာစေပါတယ်။ ဒါ့အပြင်၊ ဒီဇာတ်လမ်းတွေဟာ သူတို့ အတွက် ပိုကောင်းမွန်တဲ့ဘဝ အဓိပ္ပါယ်ကို ဖွေရှာဖို့နဲ့ လူအချင်းချင်း ဆက်ဆံမှုတွေကို နားလည်စေဖို့လဲ အထောက်အပံ့ တွေ ဖြစ်စေပါတယ်။
No New Notifications