ဒေါက်တာဘရုစ်ပယ်ရီ အလုပ်စဝင်ခဲ့တဲ့ ၁၉၈၀ ပြည့်နှစ်တွေတုန်းက ကလေးဘဝ စိတ်ဒဏ်ရာနဲ့ ပတ်သက်တဲ့ အဖြစ်အပျက်တွေဟာ သိပ်ခေတ်မစားသေးပါဘူး။ အဲ့ဒီကာလတွေတုန်းက လူတွေအပေါ် လွှမ်းမိုးခဲ့တဲ့ အယူအဆက ကလေးတွေဟာ စိတ်ဒဏ်ရာတွေကို ခံနိုင်ရည်ရှိကြတယ်ဆိုတာပါပဲ။ သူတို့တွေရဲ့ဖွံဖြိုးနေဆဲဖြစ်တဲ့ စိတ်အခြေ အနေတွေဟာ ဘယ်အရာကိုမဆို ကိုင်တွယ်ဖြေရှင်းနိုင်ကြပြီး၊ ပကတိစိတ်အနေအထားကို ပြန်ရောက်လေ့ရှိ တတ်ကြ တယ်လို့ လက်ခံယူဆခဲ့ကြပါတယ်။
ဒါပေမဲ့ ဒီနေ့ခေတ်မှာတော့ လူတွေဟာ နည်းနည်းလေးအသိပိုလာကြပါတယ်။ ကလေးတော်တော်များများဟာ ပီတီအက်စ်ဒီ (PTSD) နဲ့ စိတ်ဒဏ်ရာတွေကို အရွယ်ရောက်ပြီးသူတွေထက် ပိုပြီးခံစားနေရတယ်ဆိုတာကို သိလာ ကြပါတယ်။
ဒီနေရာမှာ ပီတီအက်စ်ဒီ (PTSD) အကြောင်းကို အနည်းငယ်ပြောပြချင်ပါတယ်။ ပီတီအက်စ်ဒီ (PTSD)ဆိုတာ ပြင်းထန်တဲ့မတော်တဆမှုတစ်ခုဖြစ်ပြီးနောက် မှတ်ဉာဏ်ခဏပျောက်ဆုံးသွားတာမျိုးပါ။ ဒါပေမဲ့ အဲဒီအဖြစ်အပျက်က လက်ရှိအချိန်အထိ ခေါင်းထဲမှာရှိနေပြီး ပြန်စဉ်စားလိုက်ရင် စိတ်ကအဲဒီအဖြစ်အပျက်ဆီကို ပြန်ရောက်သွားပါတယ်။ အဲဒီအချိန်မှာမြင်ရတဲ့ပုံရိပ်တွေက တကယ်ဖြစ်ခဲ့တာတွေလည်းဖြစ်နိုင်သလို ကိုယ့်ဘာသာ ပုံဖော်မြင်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ဒီစာအုပ်မှာ ဒေါက်တာဘရုစ်ပယ်ရီက စိတ်ဝင်စားဖွယ်ကလေး ၅ ယောက်ရဲ့ဘဝဇာတ်ကြောင်းကို ဖော်ပြ ထားပါတယ်။ သူကုသပေးခဲ့တဲ့ ကလေးတွေရဲ့ဘဝဇာတ်ကြောင်းနဲ့ သူတို့ရဲ့ ဖွံ့ဖြိုးမှုလမ်းကြောင်းကို ပုံဖော်ပေးခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာအထောက်အပံ့တွေကို ကျွန်မတို့ လေ့လာနိုင်ပါတယ်။
No New Notifications