Trauma Stewardship

Laura van Dernoot Lipsky
  •  24 min
  •  Audio Available

ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တတ်အောင် သင်ယူပြီး စိတ်ဒဏ်ရာရသူတွေကို ဖေးမကူညီနိုင်အောင် လမ်းညွှန်ပေးထားပါတယ်။ ဒါကို စိတ်ဒဏ်ရာထိန်းကျောင်းမှုအတတ်ပညာလို့ ခေါ်တယ်။ စိတ်ဒဏ်ရာ၊ ဆုံးရှုံးမှုနဲ့ ဆင်းရဲဒုက္ခတွေဟာ ဘဝရဲ့ကံဆိုးမှုတွေ ဖြစ်တယ်။ တိုက်ရိုက်ခံစားရသူသာမက မြင်ရသူပါ စိတ်ထိခိုက်စေတယ်။ ဆင်းရဲဒုက္ခခံစားနေရသူတွေနဲ့ ထိတွေ့ဆက်ဆံရတဲ့အခါ ကျွန်တော်တို့မှာ ဆင့်ပွားစိတ်ဒဏ်ရာ (Secondary Trauma) တွေ ရတတ်ကြတယ်။ အဲဒီဆင့်ပွားစိတ်ဒဏ်ရာတွေအကြောင်း သေချာနားလည်ထားမှ အခြားဒုက္ခရောက်နေသူတွေကို ထိထိရောက်ရောက် ကူညီနိုင်မယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တတ်ဖို့ အလွန်အရေးကြီးတယ်။ ဒီစာအုပ်ထဲမှာ ဆင့်ပွားစိတ်ဒဏ်ရာ (Secondary Trauma) ကို ကိုင်တွယ်ဖြေရှင်းနိုင်မဲ့ နည်းလမ်းတွေကို အသေးစိတ်ဖော်ပြထားတယ်။

    •        စိတ်ဒဏ်ရာရသူတွေ၊ စိတ်သောကရောက်သူတွေနဲ့ အတူယှဉ်တွဲနေထိုင်သူတွေ။
    •        ကိုယ်ကိုယ်တိုင် စိတ်ဒဏ်ရာ၊ စိတ်သောက ရောက်နေသူတွေ။
    •        အခြားသူရဲ့ စိတ်ဒဏ်ရာ၊ စိတ်သောကကို ကူညီဖြေရှင်းပေးလိုသူတွေ။


    •        စိတ်ဒဏ်ရာထိန်းကျောင်းမှုအတတ်ပညာနဲ့ ဆင့်ပွားစိတ်ဒဏ်ရာ ဆက်စပ်နေပုံ။
    •        ဆင့်ပွားစိတ်ဒဏ်ရာရဲ့ ရှေ့ပြေးလက္ခဏာတွေအကြောင်း။
    •        တစ်ပါးသူကို ကောင်းကောင်းမွန်မွန် ထိထိရောက်ရောက် ကူညီပေးနိုင်ဖို့ အထောက်အကူဖြစ်စေတဲ့ နည်းလမ်း ၅ သွယ်။