ဘဝမှာ ပြောင်းလဲမှုကို လက်ခံခြင်း၊ သည်းခံစိတ်ကို မွေးမြူကျင့်သုံးခြင်းနဲ့ ဘဝအတွက် အရေးပါတဲ့အရာတွေကို တန်ဖိုး ထားတတ်ခြင်းတို့ရဲ့ အရေးကြီးပုံကို မိုက်ကယ်ဂျေဖောက်ရဲ့ ဒီစာအုပ်က ပြောပြနေပါတယ်။ သူဟာ ဟောလိဝုဒ်မှ စွန့်ခွါခဲ့ပြီး နောက်၊ လူတွေကို အကူအညီပေးတဲ့အလုပ် ပြောင်းလုပ်ခဲ့ကာ သူ့ရဲ့ ယုံကြည်မှုတွေ၊ ရခဲ့တဲ့ ဘဝသင်ခန်းစာတွေနဲ့ သူ့မိသားစု အကြောင်းတို့ကို ပြောပြပါတယ်။ ဘဝဆိုတာ မျှော်လင့်ချက်ထားပြီး ကြံ့ကြံ့ခံ ရင်ဆိုင်ရကြောင်း ပြောပါတယ်။ ဘဝမှာ ဘယ်လို လောကဓံတွေနဲ့ပဲ ကြုံရပါစေ၊ ကျွန်မတို့အနေနဲ့ အမြဲတမ်း ရှေ့ကိုဆက်လျှောက်နေသင့်တယ် ဆိုတာကို ဖောက်ရဲ့ ဘဝဇာတ်လမ်း က ကျွန်မတို့ကို သတိပေးနေပါတယ်။
No New Notifications