The Highly Sensitive Person

Elaine Aron
  •  20 min
  •  Audio Available

သင်ဟာ အာရုံခံစားနိုင်စွမ်း လွန်ကဲသူ ဖြစ်နေပါသလား။ ဒီလိုဖြစ်နေလို့ သင့်ကိုယ်သင် စိတ်ပျက်အားငယ်နေပါသလား။ ဒါဆိုရင်  ဒီစာအုပ်ကို ဖတ်ကြည့်ပါ။ တကယ်တော့၊ အာရုံခံစားနိုင်စွမ်း လွန်ကဲသူတွေအနေနဲ့ ဒါကို သူတို့ရဲ့အားသာချက်အဖြစ် အသုံးချနိုင်ပါတယ်။ သူတို့အတွက် အခက်တွေ့စေတဲ့ စရိုက်လက္ခဏာတွေကိုလဲ ပြုပြင်လို့ရနိုင်ပါတယ်။ အာရုံခံစားနိုင်စွမ်း လွန်ကဲသူဆိုတာ သာမန်လူတွေထက် အာရုံခံစားမှု ပိုတဲ့သူကို ဆိုလိုတာပါ။ သူတို့ဟာ သူများတွေထက် စာနာစိတ် ပိုရှိပါတယ်၊ အကြောင်းကိစ္စတွေကို နက်နက်နဲနဲ ဆောင်ရွက်နိုင်ပြီး သိမ်မွေ့တဲ့အကြောင်းတရားတွေကို သိနိုင်စွမ်း ပိုမြင့်ကြပါတယ်။ ဒါ့အပြင်၊ လှုံ့ဆော်မှုတွေကိုလည်း အလွန်အကျွံ တုံ့ပြန်လေ့ ရှိတတ်ပါတယ်။ ဒါတွေအားလုံးက အာရုံခံစားနိုင်စွမ်း လွန်ကဲသူရဲ့ လက္ခဏာရပ်တွေပါ။ ပင်ကိုအားဖြင့်တော့ ဒီအမူအကျင့်တွေဟာ ကောင်းတယ် လည်း မဟုတ်သလို၊ ဆိုးတယ်လို့လည်း မပြောနိုင်ပါဘူး။ ဒါပေမဲ့ လူ့အဖွဲ့အစည်းအတွင်းမှာတော့၊ အာရုံခံစားနိုင်စွမ်း လွန်ကဲသူဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ အာရုံခံစားနိုင်စွမ်း နည်းပါးတဲ့ လူအများစုကြီးနဲ့ ကျင်လည်နေတဲ့ ကမ္ဘာထဲမှာ၊  အာရုံခံစားနိုင်စွမ်း လွန်ကဲသူတစ်ယောက်အနေနဲ့ ဘယ်လို နေထိုင်သွားမလဲ။ ဒီမေးခွန်းရဲ့အဖြေကို စာရေးသူက ဒီစာအုပ်ထဲမှာ ဖော်ပြထား ပါတယ်။


    •        တစ်ခုခုဆို စိတ်ထိခိုက် ခံစားလွယ်တဲ့သူတွေ။
    •        အာရုံခံစားနိုင်စွမ်း လွန်ကဲသူ ဖြစ်နေလို့ လူတောမတိုး၊ လူမဝင်ဆံ့တဲ့သူတွေ။
    •        အာရုံခံစားနိုင်စွမ်း လွန်ကဲသူနဲ့ အတူယှဉ်တွဲ နေထိုင်ရသူတွေ။



    •        အာရုံခံစားနိုင်စွမ်း လွန်ကဲသူတစ်ယောက်ရဲ့ အားသာချက်၊ အားနည်းချက်တွေ။
    •        သူ့အနေနဲ့ အလုပ်အကိုင်နဲ့လူမှုဆက်ဆံရေးဆိုင်ရာ အခက်အခဲတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မဲ့ နည်းလမ်းတွေ။
    •        အာရုံခံစားနိုင်စွမ်း လွန်ကဲသူတစ်ယောက်ရဲ့ အပျက်သဘောဆောင်တဲ့ အပြုအမူတွေကို ဘယ်လိုနားလည်သင့်တယ်ဆိုတဲ့ အကြောင်းတွေ။