Extremely Hardcore

Zoe Schiffer
  •  19 min
  •  Audio Available

အီလွန်မက်စ် (Elon Musk) က Twitter ကို ဝယ်ယူပြီးနောက်ပိုင်းကာလဟာ အပြောင်းအလဲ ပြင်းထန်ခဲ့ကြောင်း ဒီစာအုပ်မှာ ဖော်ပြထားပါတယ်။ မက်စ်ဟာ ပလက်ဖောင်းကို ပြောင်းလဲဖို့ ဝန်ထမ်း အရေအတွက် လျှော့ပစ်တာ၊ အယ်ဂိုရစ်သမ်ကို ကြိုးကိုင် အသုံးချတာ၊ အကောင့်တွေကို လိုသလို ပိတ်ပစ် တာ၊ ဝန်ထမ်းတွေနဲ့ ကြော်ငြာရှင်တွေကို ခွဲခြားတာ စတာတွေ လုပ်ခဲ့ပါတယ်။ သူ့ရဲ့ဦးဆောင်မှုပုံစံက Twitter ဝန်ထမ်းတွေအနေနဲ့ လက်ရှိအခြေအနေတွေကိုပဲ ဆက်ပြီးသည်းခံနေရမလိုလို၊ တခြားကုမ္ပဏီ ကိုပဲ ရွေ့ပြောင်းရမလိုလို အကြပ်ရိုက်စေခဲ့တာပါ။ ဝန်ထမ်းတွေဟာ လုံခြုံဘေးကင်းမှုမရှိတဲ့ လုပ်ငန်းခွင်နဲ့ ရင်ဆိုင်ခဲ့ရသလို၊ လိမ်ညာလှည့်ဖြားပြီး အလုပ်ထုတ်ပစ်တဲ့ဓလေ့အတွက် တရားစွဲဆိုမှုတွေကိုလဲ ရင်ဆိုင်ခဲ့ ရပါတယ်။

ဒီအဖြစ်အပျက်နဲ့ဆက်စပ်ပြီး မေးခွန်းတချို့ ပေါ်ထွက်လာပါတယ်။ ကုမ္ပဏီဟာ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ပတ်သက်ပြီး တာဝန်ယူမှုအပိုင်းက ဘယ်လို ရှိသလဲ။ အမုန်းပွားဖွယ်၊ နားလည်မှု လွဲမှားဖွယ် ထိခိုက်စေတဲ့အကြောင်းအရာတွေကို စိစစ်ထိန်းချုပ်တာနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လို တာဝန်ယူ သလဲ။ ဒါတွေဟာ ဘီလျံနာတစ်ယောက်က နည်းပညာကုမ္ပဏီတွေကို ကြားဝင်ဆောင်ရွက်မှုရဲ့ အကျိူး ဆက်တွေဖြစ်ပြီး၊ ဒါတွေဟာ နိုင်ငံရေးနဲ့ နိုင်ငံဓလေ့အပေါ်မှာပါ သက်ရောက်မှုရှိကြောင်း သိသာစေပါ တယ်။


    •        အီလွန်မက်စ်အကြောင်း သိလိုသူများ။
    •        Twitter အသုံးပြုသူများ။
    • Twitter ကို ဝယ်ယူပြီးနောက် အကျိုးဆက်တွေကို သိလိုသူများ။


    •        မက်စ်ရဲ့အပြောနဲ့အလုပ် မညီပုံအကြောင်း။
    •        မက်စ်ရဲ့ ရက်စက်ပြင်းထန်တဲ့ဦးဆောင်မှုပုံစံအကြောင်း။
    •        Twitter Blue ပရောဂျက် ဘာကြောင့် အောင်မြင်မှု မရသလဲ ဆိုတဲ့အကြောင်း။