Why Buddhism is True

Robert Wright
  •  26 min
  •  Audio Available

သင်ဟာ ဗုဒ္ဓဘာသာ အယူဝါဒနဲ့ သက်ဝင်ယုံကြည်မှုတို့အကြောင်း ရှင်းရှင်းလင်းလင်း နားလည်နိုင်ဖို့ ခက်ခဲနေတယ်ဆိုရင် ဒီစာအုပ်ကို ဖတ်ပါ။ ဖတ်ရတာ ရှင်းလင်းပြီး ၊ စိတ်ကျေနပ်စရာအဖြေကို သင် ရပါလိမ့် မယ်။ စာရေးသူဟာ သူ ပြောပြချင်တာတွေကို စိတ်ပညာ၊ ဆင့်ကဲဖြစ်စဉ်သိပ္ပံပညာ နဲ့ သူ့ဘဝအတွေ့အကြုံ တို့ရဲ့ရှုထောင့်တွေကနေ တင်ပြထားတာကြောင့် စာဖတ်သူအဖို့ သဘောတရားတွေကို အချိတ်အဆက်မိမိနဲ့ နားလည်သဘောပေါက်စေပါတယ်။ စာရေးသူဟာ ဗုဒ္ဓရဲ့အဆုံးအမတွေကို သုတေသန လေ့လာချက်တွေ နဲ့ရော၊ ဘုန်းကြီးတွေရဲ့ပြောဆိုဆွေးနွေးချက်တွေနဲ့ပါ ပိုနားလည်အောင် ကြိုးစားခဲ့သူပါ။ ဒါ့အပြင်၊ သတိ မြဲခြင်းနဲ့ တရားထိုင်ခြင်းတို့က အတ္တစိတ်ကို စွန့်နိုင်ဖို့ ကြိုးစားရာမှာ အထောက်အကူဖြစ်ပုံကို အလေးထား ပြီး လေ့လာပါတယ်။ အတ္တစိတ်ကို စွန့်ခြင်း ဆိုတာ “ငါ မရှိခြင်း”၊ “အနိစ္စသဘောဖြစ်ခြင်း” ကို ဆိုလိုတာပါ။ စာရေးသူ ပြောပြထားတဲ့ သတိမြဲခြင်းနဲ့ တရားထိုင်ခြင်းတို့ရဲ့ အကျိုးကျေးဇူးတွေဟာ ဘယ်သူမှ ငြင်းမရ အောင် မှန်ကန်နေတာတွေ ဖြစ်ပါတယ်။

    •        ဗုဒ္ဓဘာသာအကြောင်း နားလည်လိုသူများ၊
    •        ဗုဒ္ဓဘာသာရဲ့သဘောတရားကို ရှင်းလင်းစွာ သိလိုသူများ၊
    •        တရားထိုင်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို သိလိုသူများ။



    •        "ငါ"ဆိုတာ တကယ် မရှိတဲ့အကြောင်း၊
    •        လူတွေဟာ ကိုယ့်စိတ်ကို အစိုးမရကြတဲ့အကြောင်း၊
    •        လူတွေဟာ ခံစားချက်တွေရဲ့ လွှမ်းမိုးခြင်းကို ခံရတဲ့အကြောင်း။