Start Now. Get Perfect Later.

Rob Moore
  •  25 min
  •  Audio Available

“အလောသုံးဆယ်” ဆိုတဲ့စကားကို သင် ကြားဖူးမှာပါ။ အလုပ်ကိစ္စတစ်ခုကို အချိန်ရသမျှ ဆွဲလာပြီး အနားနီးမှ ကတိုက်ကရိုက် ဆောင်ရွက်ခြင်းကို ပြောတာဖြစ်ပါတယ်။ ကျွန်မတို့အများစုဟာ အချိန်ရှိပါသေး တယ်လေ ဆိုတဲ့စိတ်နဲ့ ကိုယ် လုပ်ရမဲ့အလုပ်ကို အချိန်ဆွဲနေတတ်ပါတယ်။ ဒါပေမဲ့၊ ကျွန်မတို့ဟာ ကျွန်မတို့ ကိုယ်တိုင် အချိန်ဆွဲလို့ဆွဲနေမှန်းတောင် သတိမထားမိတတ်ကြပါ။ ဒီလိုနဲ့ အချိန်ဆွဲလာလိုက်တာ အခုချိန်ထိ မလုပ်ဖြစ်သေးတဲ့အရာတွေမှ အများကြီးပါပဲ။

ဒါပေမဲ့၊ အခြားအာရုံတွေကို တွယ်ငြိမနေဘဲ အလုပ်ချည်းပဲ လုပ်နေနိုင်ဖို့ဆိုတာ မီးခလုတ်တစ်ခု အဖွင့်အပိတ် လုပ်ရသလို လွယ်ကူတဲ့အရာ မဟုတ်ပါဘူး။ ကျွန်မတို့စိတ်မှာ အနည်ထိုင်နေတဲ့ ကြောက်စိတ်တွေ၊ စိုးရိမ်စိတ်တွေနဲ့ စိတ်ကျဉ်းကျပ်မှုတွေက ကျွန်မတို့ကို ဘာမှမလုပ်ဖြစ်အောင် တားဆီးနေပါတယ်။ အချိန်ဆိုတာ အဖိုးတန်တဲ့အရာတစ်ခုပါ။ ဒါကြောင့် သင့်စိတ်ကို အကောင်းဆုံး ထိန်းချုပ်ပြီး၊ သင် လုပ်စရာရှိတာကို အခုပဲ စတင်ဖြစ်အောင် ကြိုးစားလိုက်ပါ။



  • ·     ဆုံးဖြတ်ချက်တစ်ခုချဖို့ တွေဝေနေသူတွေ။

    ·     အလုပ်တစ်ခုကို စတင်ကြည့်ဖို့ မဝံ့မရဲဖြစ်နေသူတွေ။

    ·     ရေရှည်အောင်မြင်မှုတစ်ခု ပိုင်ဆိုင်လိုသူတွေ။


  • ·     အချိန်ဆွဲမိခြင်းရဲ့ နောက်ကွယ်က အကြောင်းအရင်းတွေအကြောင်း။

    ·     ပြီးပြည့်စုံချင်တဲ့စိတ်က ကျွန်မတို့အတွက် ဘယ်လိုအတားအဆီးဖြစ်နိုင်ကြောင်း။

    ·     ဆုံးဖြတ်ချက်တိုင်းက သင် ထင်သလောက် ကြီးကျယ်မနေကြောင်း။