David Copperfield

Charles Dickens
  •  20 min
  •  Audio Available

ဒေးဗစ် ကော်ပါဖီးရဲ့ကလေးဘဝဟာ ရက်စက်ကြမ်းကြုတ်တဲ့ပထွေး သူ့ဘဝထဲ ဝင်လာကတည်းက ကြမ်းတမ်းခက်ခဲခဲ့ရပါတယ်။ သူဟာ စည်းကမ်းတင်းကြပ်လွန်းတဲ့ကျောင်းမှာ နေခဲ့ရသလို၊ ကလေးလုပ်သား အဖြစ်လည်း နေထိုင်ခဲ့ရပါတယ်။ အဲဒီလိုနဲ့၊ နှစ်များစွာ ကြာပြီးနောက်မှာတော့ သူဟာ လန်ဒန်မှာ ဥပဒေစာရေးအလုပ် ရခဲ့ပါတယ်။ ဒါပေမဲ့၊ သူ့ရည်မှန်းချက်ဖြစ်တဲ့ စာရေးဆရာဘဝ လမ်းကြောင်းနောက်ကို မလိုက်သေးခင်အထိသာ လုပ်ကိုင်ခဲ့တာပါ။ အဲ့ဒီနောက်၊ ငယ်သူငယ်ချင်း အက်နစ် (Agnes) ကို ချစ်ကြောင်း ဝန်ခံခဲ့ကာ သူ့ဇာတ်လမ်းက ပျော်ရွှင်ဖွယ် အဆုံးသတ်လေး ဖြစ်ခဲ့ပါတယ်။


  • ·     စာရေးဆရာကြီး ချားဒစ်ကင်း (Charles Dickens) ရဲ့ ပရိတ်သတ်များ။

    ·     လူတန်းစားခွဲခြားမှုကို မထောက်ခံသူများ။

    ·     လူချမ်းသာများ။


  • ·     ၁၈၅၀ ပြည့်နှစ်ဝန်းကျင်က အင်္ဂလန်နိုင်ငံရဲ့ လူမှုဘဝအကြောင်း။

    ·     လူချမ်းသာတွေရဲ့ မောက်မာမှု အကြောင်း။

    ·     ဆင်းရဲသားတွေ ဖိနှိပ်ခံရမှု အကြောင်း။