Autobiography of Benjamin Franklin

Benjamin Franklin
  •  16 min
  •  Audio Available

ဘန်ဂျမင်ဖရန်ကလင်ဟာ သာမန်မိသားစုမှာ မွေးဖွားလာပြီး၊ မဆုတ်မနှစ်နဲ့ လုံ့လဝီရိယစိုက်ထုတ်ကာ ကြိုးစားရုန်းကန်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ အသိပညာနောက်ကို အမြဲလိုလို လိုက်နေခဲ့သူပါ။ ဒါကြောင့်ပဲ သူဟာ အမေရိကန်နိုင်ငံကို တည်ထောင်သူ ဖခင်ကြီးတွေထဲကတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဖရန်ကလင်ဟာ ဘဝကို စည်းနဲ့ကမ်းနဲ့ နေထိုင်ခဲ့သူ၊ သူတော်ကောင်းတရား ၁၃ ချက်နဲ့အညီကျင့်ကြံခဲ့သူ၊ ကိုယ်ပိုင် မှတ်ကျောက်တွေ စိုက်ထူနိုင်ခဲ့သူ ဖြစ်ပါတယ်။ သူ ကျင့်ကြံခဲ့တာတွေက အပြောနဲ့အလုပ်နဲ့ ထပ်တူကျတဲ့အရာတွေပါ။ သူ့ရဲ့ စူးစမ်း လိုစိတ်နဲ့ ပြဿနာတွေကို ဖြေရှင်းချင်စိတ်တွေဟာ ဖရန်ကလင်မီးဖိုတို့၊ အဝေး၊အနီးကြည့်မျက်မှန်တို့လို အရာ တွေကို တီထွင်နိုင်စေခဲ့ပါတယ်။ သူ့ရဲ့ တီထွင်မှုတစ်ခုချင်းစီဟာ နိစ္စဓူဝအလုပ်တွေကို ပိုကောင်းကောင်းမွန်မွန် လုပ်နိုင်အောင် ရည်ရွယ်တာဖြစ်ပြီး၊ အဲဒါတွေကပဲ သူ့ရဲ့ ပြဿနာဖြေရှင်းချင်စိတ်ကို မီးမောင်းထိုးပြ နေပြန် ပါတယ်။ ပြန်ချုပ်ရရင်၊ ဖရန်ကလင်ရဲ့ဘဝဟာ အဆက်အသွယ်တွေ၊ ပံ့ပိုးပေးမှုတွေရှိလို့ မဟုတ်ဘဲ ၊ ကိုယ့်ဒူး ကိုယ်ချွန်ပြီး အသိပညာတွေ ဆည်းပူးကာ အောင်မြင်မှုတွေ ရခဲ့တာပါ။ ဒီအချက်တွေက သူ့ကို သမိုင်းဝင်ပုဂ္ဂိုလ် ဖြစ်စေရုံတင်မကဘဲ၊ ကိုယ့်ကိုယ်ကိုယ် ပိုတိုးတက်အောင် ကူညီပေးတဲ့ သင်ခန်းစာတစ်ရပ်လဲ ဖြစ်နေခဲ့ပါတယ်။


    •        အမေရိကန်သမိုင်းကို စိတ်ဝင်စားသူများ၊
    •         ဖရန်ကလင်အကြောင်း သိလိုသူများ၊
    •         ဖရန်ကလင်ရဲ့ ဖန်တီးမှုတွေအကြောင်း သိလိုသူများ။


    •        ဖရန်ကလင်ရဲ့ ကလေးဘဝအကြောင်း၊
    •         ဖရန်ကလင်ရဲ့ ဖန်တီးမှုတွေ‌အကြောင်း၊
    •         ဖရန်ကလင်ရဲ့ နိုင်ငံရေးထဲ ဝင်ရောက်ဖြစ်ခဲ့ပုံအကြောင်း။