Don't Overthink It

Anne Bogel
  •  17 min
  •  Audio Available

အတွေးလွန်ခြင်းဟာ စိတ်စွမ်းအင်ကို ပြုန်းတီးစေပြီး၊ မလိုအပ်တဲ့ ကြိုးပမ်းမှုတွေ ဖြစ်ပေါ်စေရင်း ဘဝကို ပိုမို ရှုပ်ထွေးလာစေပါတယ်။ ဒါဟာ မိမိရဲ့ တန်ဖိုးထားမှုတွေ မရှင်းလင်းခြင်းကြောင့် မဆုံးဖြတ်နိုင်ရာကနေလဲ ဖြစ်ပေါ်လေ့ ရှိပါတယ်။

အတွေးလွန်ခြင်းကို ကျော်လွှားဖို့ဆိုရင် အတွေးလွန်နေကြောင်း သိပြီး ပြဿနာတိုင်းအတွက် ဖြေရှင်း ချက် အမျိုးမျိုးရှိကြောင်း နားလည်ပါ။ ဆုံးဖြတ်ချက် ကောင်းကောင်းချနိုင်ဖို့ မိမိရဲ့အဓိက တန်ဖိုးထားမှုတွေ အတိုင်း ပြုမူပြီး၊ ကျရှုံးမှုတွေကို သင်ယူလေ့လာစရာတွေအဖြစ် လက်ခံပါ။ အပြုသဘောဆောင်တဲ့ ခံယူချက် ထားရှိတာ၊ ကျေးဇူးတင်စိတ်နဲ့ ကိုယ်ချင်းစာစိတ် တို့ကို မွေးမြူတာတို့က အတွေးလွန်သံသရာကို ဖြိုခွဲပေးမှာ ဖြစ်ပါတယ်။

စစ်မှန်တဲ့ ရောင့်ရဲကျေနပ်ခြင်းဆိုတာ ဘဝရဲ့ ရိုးရှင်းတဲ့ သာယာမှုကလေးတွေကို နှစ်ခြိုက်ပျော်ရွှင်ရာက လာပါတယ်။ ဒီသာယာမှုကလေးတွေကို ခံစားရစေတဲ့ အကျင့်တွေမွေးမြူမယ်ဆိုရင် စိတ်နွမ်းနယ်မှုကို ချေမှုန်း ပေးပြီး၊ ကြွယ်ဝတဲ့ဘဝကို ခံစားရစေမှာ ဖြစ်ပါတယ်။


  • ·        အတွေးလွန်တတ်သူများ။

    ·        အတွေးလွန်တတ်တဲ့ အကျင့်ကို ဖယ်ရှားလိုသူများ။

    ·        နေ့စဉ်ဘဝမှာ ပျော်ရွှင်လိုသူများ။


  • ·        ပြီးပြည့်စုံမှုဝါဒက အတွေးလွန်ခြင်းကို ဖြစ်ပေါ်စေတဲ့ အကြောင်း။

    ·        စာရေးသူရဲ့ဦးလေးက သူ့ရဲ့ တန်ဖိုးထားမှုနဲ့ ကိုက်ညီအောင် ဘဝကို ပြောင်းလဲနေထိုင်ခဲ့ပုံအကြောင်း။

    ·        သင် ပျော်ရွှင်ဖို့အတွက် ဖယောင်းတိုင်တစ်တိုင်သာ လိုအပ်တဲ့ အကြောင်း။