A Complaint Free World

Will Bowen
  •  17 min
  •  Audio Available

သင်ဟာ ရာသီဥတုနဲ့ပတ်သက်လို့ဖြစ်စေ၊ ယာဉ်ကြောကြပ်လို့ သို့မဟုတ် တန်းစီရလို့ဖြစ်စေ ညည်းညူ တတ်သူ ဖြစ်ပါသလား။ ဟုတ်တယ်ဆိုရင်တော့၊ ဒီလို ညည်းညူတတ်တာဟာ သင် တစ်ယောက်တည်း မဟုတ်ဘူး လို့ ပြောပါရစေ။ လူတွေအားလုံးဟာ သင့်လိုပါပဲ။ တစ်ခုခု စိတ်တိုင်းမကျတာနဲ့ အလွယ်တကူ ညည်းညူတတ်တာ လူ့သဘာဝပါ။ ဒါပေမဲ့၊ ဒီအလေ့အကျင့်ကို ဖျောက်ဖျက်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဒီနည်းလမ်းတွေကို ၂၁ ရက် ဆက်တိုက် လေ့ကျင့်ပေးခြင်းဖြင့် သင့်နှုတ်ထွက်စကားတွေကို ပြောင်းလဲပေးနိုင် ပါတယ်။ 

ဒါပေမဲ့၊ အဓိက နားလည်ထားရမှာက အရာအားလုံး ကောင်းနေသယောင်၊ အဆင်ပြေနေသယောင် ဟန် မဆောင်ရဘူး ဆိုတာပါပဲ။ သင့်အနေနဲ့ အရာရာကို အကောင်းမြင်စိတ်နဲ့ ကြည့်မယ်၊ စိုးရိမ်သောကတွေကို ပုံစံတစ်မျိုးနဲ့ ပြောင်းတွေးကြည့်မယ်ဆိုရင် အလုံးစုံပြောင်းလဲမှုတွေ တွေ့ရပါလိမ့်မယ်။ ဒါကြောင့် ၊ ဆိုးတဲ့အရာ တွေထက် ကောင်းတဲ့အရာတွေကို ပိုသတိထား ကြည့်ပါ။ 

ဒီနည်းလမ်းအားဖြင့် နေ့ဉ်ကြုံနေရတဲ့ ပြဿနာတွေကို လုံးဝ ဖယ်ရှားမပေးနိုင်ပေမဲ့၊ အစစ အရာရာ သတိနဲ့ လုပ်ဆောင်မယ်ဆိုရင် ပြဿနာတွေရဲ့ ချုပ်ကိုင်မှုအောက်ကနေ သင် လွတ်မြောက်နိုင်ပါတယ်။ 


    • စိတ်အလိုမကျတာနဲ့ လွှတ်ခနဲ ညည်းညူတတ်သူတွေ။ 
    • ညည်းညူမှုကင်းတဲ့ ဘဝတစ်ခု ပိုင်ဆိုင်ချင်သူတွေ။ 
    • အရာရာကို အဆိုးမြင်တတ်သူတွေ။


    • လူတွေ ဘာကြောင့် ညည်းညူကြောင်း။ 
    • ညည်းညူခြင်းက ကျန်းမာရေးကို ဘယ်လို ထိခိုက်စေကြောင်း။ 
    • ညည်းညူမှုကင်းတဲ့ ဘဝတစ်ခု ဘယ်လိုတည်ဆောက်နိုင်ကြောင်း။