The Art of Positive Thinking

Elizabeth R. Brown
  •  17 min
  •  Audio Available

အပြုသဘောဆောင်တွေးတောခြင်းဟာ သဘာဝအလျောက် ဖြစ်ပေါ်လာတာမျိုး မဟုတ်ဘဲ၊ ကျွန်မတို့အတွက် လေ့ကျင့်ယူနိုင်တဲ့အရာ ဖြစ်ပါတယ်။  

အကောင်းမြင်စိတ်ထားရရှိဖို့ ပထမဆုံးအဆင့်က သတိပြုမိခြင်းပါ။ ဒီအဆင့်မှာ သင်ဟာ သင့်အတွေးတွေကို သတိထားစောင့်ကြည့်ရပါမယ်။  အဲဒီနောက် အပြုသဘောဆောင်တွေးတာကို အကျင့်ဖြစ်အောင်လုပ်ပါ။ နေ့စဉ် ကောင်းမွန်တဲ့အတည်ပြုစကားဆိုခြင်းလေ့ကျင့်ခန်းပြုလုပ်ပြီး ကျေးဇူးတင်စိတ်ကို မွေးမြူပါ။ အချိန်ကြာလာတဲ့အခါ သင်ဟာ အကောင်းမြင်တတ်သူတစ်ယောက်ဖြစ်လာပါလိမ့်မယ်။ 

သင့်အနေနဲ့ မကောင်းတဲ့ အတွေးတွေကို ရှောင်ရှားဖို့မဖြစ်နိုင်တဲ့အတွက် လက်တွေ့မကျတဲ့ အတွေးတွေကို စတင် သတိထားရမှာပါ။ စိုးရိမ်ပူပန်မှုများကိုချရေးခြင်းနဲ့ ပူပန်စိတ်တွေဟာ လက်တွေ့မှာ ဖြစ်နိုင်/ မဖြစ်နိုင် ဆန်းစစ်တဲ့ အလေ့အကျင့်များဟာ သင့်ရဲ့လှေနံဓားထစ်အတွေးအခေါ်များကို စီမံခန့်ခွဲပေးရာမှာ ကူညီနိုင်ပါလိမ့်မယ်။  

သင်ဟာ ခက်ခဲတဲ့ အခြေအနေတွေကိုရင်ဆိုင်ရာမှာ အကောင်းမြင်ဖို့ အတင်းအကြပ်မကြိုးစားဘဲ မိမိရဲ့ အတွေး တွေကို လက်ခံပြီး အခြားသူတွေဆီက အကူအညီယူပါ။ သတိကပ်နေထိုင်ခြင်းနဲ့ ကာယလေ့ကျင့်ခန်း လုပ်ဆောင်ခြင်း များမှတဆင့် သင့်ရဲ့စိတ်ခံစားချက်ကောင်းမွန်ဖို့ မြှင့်တင်နိုင်ပါတယ်။  

အချုပ်ဆိုရရင် အပြုသဘောဆောင်တွေးတောခြင်းအနုပညာဆိုတာ ဒီအလေ့အကျင့်တွေကို သင့်ရဲ့နေ့စဉ်ဘဝမှာ လိုက်နာကျင့်သုံးရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် သင်ဟာဘဝရဲ့အခက်အခဲတွေကို မျှော်လင့်ချက်ရှိရှိနဲ့ ပိုပြီးကြံကြံခံ ရင်ဆိုင် နိုင်မှာ ဖြစ်ပါတယ်။ 


    • အကောင်းမြင်စိတ် မွေးမြူလိုသူများ 
    • ပျော်ရွှင်တဲ့ဘဝကို ရရှိလိုသူများ 
    • ခက်ခဲချိန်တွေကို ကြံ့ကြံ့ခံ ကျော်ဖြတ်နိုင်လိုသူများ


    • မိမိနဲ့သက်ဆိုင်တဲ့ အတည်ပြုစကားတွေက ဘယ်လို သက်ရောက်မှုရှိသလဲဆိုတဲ့ အကြောင်း 
    • အကောင်းမြင်စိတ်ကို ဘယ်လို လေ့ကျင့်မွေးမြူရမလဲဆိုတဲ့ အကြောင်း 
    • အခြားသူတွေဆီက အကူအညီတောင်းတာက ဘာကြောင့် သတ္တိရှိရာရောက်သလဲဆိုတဲ့ အကြောင်း