Tiny Habits

B.J Fogg
  •  23 min
  •  Audio Available

နှစ်စဉ်နှစ်တိုင်း လူသန်းပေါင်းများစွာဟာ သူတို့ရဲ့ဘဝမှာ ကောင်းမွန်တဲ့အပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်ဖို့ ကြိုးစားလျက်ရှိကြပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ စားမယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်မယ်။ ပိုပြီး အိပ်ရေးဝဝ အိပ်မယ်။ ဒီလိုမျိုး စိတ်ကူးလေ့ ရှိကြပါတယ်။ ဒါကြောင့်၊ လူတွေဟာ အချိန်တစ်ခုပေးပြီး လေ့ကျင့်ခန်းတွေ လုပ်တယ်။ ဆီကြော်မုန့်တွေအစား အသီးအနှံတွေကို စားတယ်။ ည ၁၁ နာရီဆိုတာနဲ့ အိပ်ယာ ထဲကို ရောက်ပြီးသားပဲ။ ဘဝဟာ ဒီအလေ့အထတွေကြောင့် ထူးထူးကဲကဲဖြစ်နေတယ်လို့ ခံစားရလေ့ ရှိပါတယ်။ 

ဒါပေမဲ့၊ ရက်သတ္တပတ်အနည်းငယ်ကြာလာတာနဲ့ ဒီအလေ့အထတွေက ပျက်ပြယ်စပြုလာပါတယ်။ တစ်ရက် လောက် ပျက်တာကနေ၊ တစ်ပတ်၊ တစ်လအထိ ကြာလာမယ်။ ဒီလိုနဲ့ တိုးတက်မှုမရှိဘဲ နဂိုမူလ အနေအထားကို ပြန်ရောက်သွားမယ်။ ကျွန်မတို့ရဲ့နေ့စဉ်ဘဝမှာ ဒီလိုအပြောင်းအလဲတွေကိုရေရှည်စွဲမြဲလာအောင်လုပ်ဖို့  ဘာကြောင့် ခက်ခဲလွန်းနေတာလဲ ဆိုတာက မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ 

စတန်းဖို့ဒ်အခြေစိုက် အပြုအမူဆိုင်ရာကျွမ်းကျင်သူ ဘီဂျေဖော့ (BJ Fogg) မှာတော့ ဒီမေးခွန်းအတွက် အဖြေတစ်ခုရှိပါတယ်။ အပြောင်းအလဲတစ်ခုရေရှည်စွဲမြဲစေဖို့ဘာကြောင့်ခက်ခဲရတာလဲဆိုတော့ ကျွန်မတို့ဟာ အလုပ်တစ်ခုကို စတင်တဲ့အခါမှာ အလွန်အကျွံလုပ်ခြင်းနဲ့ စတင်လေ့ရှိကြတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ လေ့ကျင့် ခန်း ပုံမှန်လုပ်မယ်လို့ တွေးလိုက်တာနဲ့ အိမ်မှာတင် နေ့စဉ် ၁၀ မိနစ်စာအချိန်ပေးပြီးလေ့ကျင့်မယ့်အစား ၊ အားကစားရုံမှာ နေ့စဉ် ၂ နာရီကြာအောင်လုပ်ခြင်းနဲ့စတင်လိုက်ကြတယ်။ 

ဒီလိုလုပ်တဲ့အခါမှာ ဖြစ်လာတဲ့ပြဿနာကတော့ ကျွန်မတို့ဟာ အဲ့ဒီအပြောင်းအလဲကိုရေရှည်ပါအောင် မလုပ်နိုင်ကြတာပါပဲ။ ကနဦး စိတ်အားထက်သန်မှု ကျဆင်းသွားတာနဲ့တပြိုင်နက် ကျွန်မတို့ရဲ့ ခန္ဓာကိုယ်က စတင် ဆန္ဒပြလာပါတယ်။ ကျွန်မတို့မှာ လှုံဆော်မှုမရှိတော့တာနဲ့အမျှ အားကစားရုံမှာအဖွဲ့ဝင်အသစ်ဝင်ထားမိခြင်းဟာ အပြောင်းမလဲမလုပ်နိုင်ခဲ့တာအတွက် နောင်တရစရာဖြစ်လာပါတော့တယ်။  

ရေရှည်ပြောင်းလဲမှုတွေ လုပ်ချင်တယ်ဆိုရင် အလုပ်သေးသေးလေးတွေကနေ စတင်သင့်ပါတယ်။ ကျွန်မ တို့ရဲ့ စိတ်အားထက်သန်မှု၊ ကျွန်မတို့ လုပ်နိုင်စွမ်းကနေတဆင့် အပြုအမူတွေ ဖြစ်လာပါတယ်။ ဒါကြောင့် ကိုယ် လုပ်ရမယ့်အရာတွေကို အလွယ်တကူလုပ်လို့ရတဲ့လုပ်ငန်းငယ်လေးတွေအဖြစ် ဖန်တီးသင့်ပါတယ်။ 


    • အလေ့အထကောင်းတစ်ခုကို မွေးမြူဖို့ အမြဲနပန်းလုံးနေရသူတွေ 
    • အလေ့အထကောင်းတစ်ခုမွေးမြူဖို့အတွက် အချိန်မရှိဘူးလို့လက်ခံထားမိသူတွေ 



    • စိတ်စွမ်းအားတစ်ခုတည်းနဲ့ အောင်မြင်မှုရဖို့အာမခံနိုင်တဲ့အကြောင်းအရင်းများ 
    • အလေ့အကျင့်ကိုဖြစ်ပေါ်စေတဲ့တွန်းအားတွေအကြောင်း 
    • ကိုယ်မွေးမြူချင်တဲ့အလေ့အထအသစ်တစ်ခုကို နေ့စဉ်ပုံမှန်အလုပ်တွေနဲ့ဘာကြောင့် တွဲလုပ်သင့်ကြောင်း