Your Future Self

Hal Hershfield
  •  20 min
  •  Audio Available

သင်က လူစိမ်းတစ်ယောက်နဲ့အတူ ကော်ဖီသောက်နေတယ်ဆိုပါစို့။ ဒီလူက သင့်အကြောင်း အားလုံးကို သိနေတယ်။ သင့်ရဲ့ အသေးစိတ်အကျင့်စရိုက်လေးတွေကအစ သင် ချလိုက်တဲ့ ဆုံးဖြတ်ချက်တွေ၊ သင် လျှောက်ခဲ့တဲ့ လမ်းကြောင်းတွေနဲ့ သင့်လျှို့ဝှက်ချက်တွေအားလုံးကို သူ သိနေတယ်။ ဒါပေမဲ့၊ သင်ကတော့ အဲဒီလူအကြောင်းကို ဘာတစ်ခုမှ မသိဘူးဆိုပါစို့။ ဒါဆို အဲဒီလူက ဘယ်သူဖြစ်မယ်လို့ သင် ထင်ပါသလဲ။ တကယ်တော့ အဲဒီလူက တစ်ခြားသူ မဟုတ်ပါဘူး။ နောက်ဆယ်နှစ်အကြာ အနာဂတ်တစ်ချိန်မှာရှိနေမယ့် သင်ကိုယ်တိုင်ပါပဲ ။ 

ဒီတွေ့ဆုံမှုက ဒီကနေ့ သင့်လုပ်ရပ်အပေါ် ဘယ်လိုများ အကျိုးသက်ရောက်စေနိုင်ပါသလဲ။ ပိုနေတဲ့ ကိတ်မုန့်တစ်ချပ်ကို ကောက်မစားခင် သင့်ရဲ့ အနာဂတ်ကျန်းမာရေးအပေါ် ဘယ်လိုအကျိုးသက်ရောက်စေလိမ့်မယ် ဆိုတဲ့အကြောင်းကို နှစ်ခါပြန် စဉ်းစားဖူးပါသလား။ ငွေကြေးအခက်အခဲကြောင့် အနာဂတ်မှာ ဘာတွေဖြစ်လာ နိုင်တယ် ဆိုတာ သိသိရက်နဲ့ဝယ်ချင်စိတ်ပြင်းပြနေတဲ့သင့်စိတ်ဆန္ဒကို ပြန်လည်သုံးသပ်ဖူးပါသလား။ 

ကျွန်မတို့ရဲ့ဘဝတွေဟာ အဆက်မပြတ် ပြောင်းလဲနေတာပါ။ နေ့ရက်တိုင်းက ကျွန်မတို့ကိုအနာဂတ်ဆီ တွန်းပို့နေပါတယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့အမြင်မှာ အနာဂတ်ဆိုတာ သိပ်မရင်းနှီးတဲ့အရာတစ်ခု၊ လက်ရှိအခြေအနေနဲ့ အလှမ်းကွာတဲ့အရာတစ်ခုလို သဘောထားတတ်ကြပါတယ်။ဒါကြောင့်လည်း လတ်တလော စိတ်ကျေနပ်မှုကို ပေးနိုင်တဲ့ ဆုံးဖြတ်ချက်တွေကိုပဲ ချတတ်ကြတာပါ။ လတ်တလော အကျိုးခံစားမှုကိုပဲ ကြည့်ပြီး အနာဂတ် လမ်းအပေါ် သက်ရောက်မှုကို လျစ်လျူရှူတတ်ကြပါတယ်။ 

တကယ်လို့ ပစ္စုပ္ပန်နဲ့အနာဂတ်ကြားက အချိန်ကွာဟမှုကို ချိတ်ဆက်ပေးနိုင်ရင် ဘာတွေဖြစ်လာ မလဲ။ မနက်ဖြန်တိုင်းအတွက် တိုးတက်ကြီးပွားစေမယ့် ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ ကျွန်မတို့ရဲ့လက်ရှိဘဝနဲ့ အနာဂတ် ဘဝကို ဘယ်လိုချိတ်ဆက် ပျိုးထောင်သင့်သလဲ။ ဒီစာအုပ်မှာ ကိုယ်ပိုင်ခံယူချက်၊ ကိုယ်ပိုင်ထူးခြားချက်တွေ အကြောင်းနဲ့ သင့်ရဲ့ ပစ္စုပ္ပန်နဲ့အနာဂတ်ကြားက အပြန်အလှန်သက်ရောက်မှုတွေအကြောင်းကို လေ့လာဖတ်ရှုရမှာ ဖြစ်ပါတယ်။ ဒီလိုလေ့လာခြင်းကြောင့် သင့်ကိုယ်သင် သင့်ရဲ့အနာဂတ်နဲ့ချိတ်ဆက်ဖို့ တွန်းအားပေးနေရင်း လူအမျိုးမျိုး စိတ်အထွေထွေအကြောင်း နားလည်သိမြင်နိုင်လာပါလိမ့်မယ်။ ဒီလိုနဲ့၊ သင့်အတွက် ရေရှည်အကျိုးပြု နိုင်မယ့် ဆုံးဖြတ်ချက်တွေကို ရွေးချယ်နိုင်လာပါလိမ့်မယ်။ 


    • အနာဂတ်ကို ကိုယ်နဲ့မဆိုင်သလို သဘောထားတတ်သူတွေ 
    • အနာဂတ်အကျိုးထက် လက်ငင်းအကျိုးကို ပိုပြီးလိုလားသူတွေ 
    • သင့်ကိုယ်သင် မပြောင်းလဲနိုင်ဘူးလို့ ထင်ထားသူတွေ 



    • လူသတ်မှု ၇၁ မှု ကျူးလွန်ခဲ့တဲ့ ပက်ဒရို ရိုဒရီဂွက်စ် ဖီလ်ဟိုအကြောင်း 
    • အနာဂတ်မှာရှိနေမယ့်သင့်ကို ဘာကြောင့် မိတ်ဆွေတစ်ယောက်လို သဘောထားသင့်ကြောင်း 
    • ပြီးပြည့်စုံတဲ့ အနာဂတ်တစ်ခု ဖန်တီးနိုင်ဖို့ လိုက်နာသင့်တဲ့ နည်းလမ်းတွေအကြောင်း