Adaptive Resilience

Maria Santacaterina
  •  20 min
  •  Audio Available

အလျင်အမြန်တိုးတက်ပြောင်းလဲနေတဲ့ နည်းပညာခေတ်ကြီးမှာ စီးပွားရေးနဲ့ လူမှုအသိုင်းအဝိုင်းတွေ ဆက်လက်တိုးတက်ရှင်သန်နိုင်ဖို့ ဘာတွေလိုအပ်သလဲလို့ သင်တွေးမိဖူးပါသလား။ ရုပ်ပိုင်းဆိုင်ရာ၊ နည်းပညာ ပိုင်းဆိုင်ရာ၊ ဇီဝဗေဒဆိုင်ရာ နယ်ပယ်တွေ တဖြည်းဖြည်းပြောင်းလဲလာတဲ့ လောကကြီးမှာ နည်းလမ်း အသစ်အဆန်း တွေနဲ့ ကျွန်မတို့ရဲ့ဘဝတွေကို ပြန်လည်ပုံဖော်ညှိယူ နေကြရပါတယ်။ စတုတ္ထအကြိမ်မြောက် စက်မှုတော်လှန်ရေးမှာ နည်းပညာတိုးတက်မှုတွေဟာ သိသာထင်ရှားလာပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ ကပ်ရောဂါတွေ တဟုန်ထိုးပျံ့နှံ့ လာတယ်။ ဒါတွေက ကျွန်မတို့ရဲ့ ကြိုတင်ပြင်ဆင်နိုင်မှုနဲ့ခံနိုင်ရည်ရှိမှုတို့အတွက် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်လာပါ တယ်။ 

ဒီလိုကသောင်းကနင်းဖြစ်နေတဲ့ကာလကြီးမှာ လမ်းကြောင်းမှန်မှန်နဲ့ လျှောက်လှမ်းနိုင်ဖို့ ဒီစာအုပ်က သင့်ကို အများကြီး အထောက်အကူ ပြုနိုင်ပါတယ်။ ရှုပ်ထွေးလှတဲ့ လူ့လောကကြီးမှာ ကျွန်မတို့ရဲ့အလိုက်သင့်ပြုမူနိုင်စွမ်းကို ကောင်းကောင်းနားလည်အသုံးချနိုင်စေပြီး လူမှုအသိုင်းအဝိုင်းတွေကြားက ဆက်ဆံရေးတွေကို တိုးတက်လာစေ ပါလိမ့်မယ်။ ပြီးတော့ နည်းပညာတိုးတက်မှုနဲ့အတူ ထည့်သွင်းစဉ်းစားရမယ့် လူ့ကျင့်ဝတ်တွေအကြား မျှမျှတတ နေထိုင်နည်းတွေနဲ့ စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းတွေရဲ့ ကြံ့ကြံ့ခံရပ်တည်နိုင်စွမ်းနည်းလမ်းတွေကို လေ့လာ သိရှိရ ပါမယ်။  


  • တိုးတက်လာတဲ့ နည်းပညာတွေကြောင့် လမ်းကြောင်းပျောက်နေသူတွေ


    • ပြောင်းလဲနေတဲ့ နည်းပညာခေတ်ကြီးမှာ အလိုက်သင့် ပြုမူနေထိုင်သင့်ကြောင်း 
    • အေအိုင်နည်းပညာနဲ့ လူသားတွေရဲ့ အဓိက ကွဲပြားချက် 
    • တိုးတက်လာတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့အတူ ကျင့်ဝတ်စည်းကမ်းတွေနဲ့သဘာဝပတ်ဝန်းကျင်ကို အလေး ထားသင့်တဲ့အကြောင်းများ