Scarcity Brain

Michael Easter 
  •  20 min
  •  Audio Available

ရွေးချယ်စရာ ပေါများလှတဲ့ ခေတ်မီကမ္ဘာကြီးထဲမှာ ကျမတို့ဟာ ရှားပါးမှုနောက်ကို တရပ်စပ် လိုက်တတ်တဲ့စိတ်ဖြစ်စဉ် (scarcity mindset) ထဲမှာ ပိတ်မိလျက်သားဖြစ်နေကြပါတယ်။ ဒီအတွေးအခေါ် ဟာ အရင်က ဆီလျော်တဲ့အယူအဆဖြစ်နိုင်ပေမဲ့၊ လောလောဆယ်မှာတော့ ကျမတို့ကို စိတ်အလိုမကျမှုဆိုတဲ့ ရုန်းထွက်ဖို့ခက်ခဲလှတဲ့စိတ်သံသရာမှာ ပိတ်မိနေစေပါတယ်။ 

ကျမတို့ဟာ အရေအတွက်များပြားစုံလင်မှုနဲ့ ခဏတာစိတ်ကျေနပ်မှုနောက်ကို မရပ်မနား လိုက်နေ ခြင်းထက်၊ အရည်အသွေးပြည့်၀ပြီး ရေရှည်စိတ်ချမ်းသာမှုကိုပေးနိုင်တဲ့ကိစ္စတွေအပေါ်မှာ အာရုံစိုက်သင့် ပါတယ် ။ တခါတရံမှာ ရွေးချယ်စရာနည်းပါးခြင်းဟာ ရွေးချယ်စရာအများအပြားရှိပြီး စိတ်ထွေပြားနေခြင်း ထက် သာလွန်နေတတ်ပါတယ်။ စိတ်အနှောက်အယှက်ဖြစ်ဖွယ် အရှုပ်အထွေးများကို အာရုံကနေ ခွာချခြင်း အားဖြင့် ကျမတို့ဘ၀အတွက် ဘယ်အရာကအရေးကြီးဆုံးလဲဆိုတာကို သိလာနိုင်ပါတယ်။ 

အဆုံးသတ်မှာတော့ ကျမတို့တွေဟာ တစ်ခုခုကို ရွေးချယ်ရပါတယ်။ ကျမတို့ရဲ့ တန်ဖိုးရှိတဲ့အချိန် တွေကို လှည့်ကွက်များတဲ့ ဈေးကွက်နည်းပရိယာယ်တွေနဲ့ လိုအင်ဆန္ဒတွေကြားမှာပဲ ကုန်ဆုံးမလား။ ဒါမှ မဟုတ်၊ ကျမတို့သတ်မှတ်ထားတဲ့အရေးကြီးဆုံးအရာအပေါ်မှာပဲ ရှိတဲ့စွမ်းအား အလုံးစုံကို အသုံးပြုမလား ဆိုတာကို ကျမတို့ ရွေးချယ်ရပါလိမ့်မယ်။ 

စိတ်ချမ်းသာမှုကိုရချင်ရင်ဖြင့် လိုချင်တောင့်တစိတ် များပြားမှုကို ချိုးနှိမ်ပြီး၊ ကိုယ့်မှာ ရှိပြီးသားအရာ တွေနဲ့ပဲ လုံလောက်ပြည့်စုံပြီဆိုတဲ့စိတ်မျိုး ထားနိုင်ဖို့ လိုအပ်ပါတယ်။ 


    • အစားအလွန်အကျွံ စားတတ်ပြီး တင်းတိမ်ရောင့်ရဲဖို့ ခက်ခဲတတ်သူများ 
    • ပေါများလှတဲ့ရွေးချယ်စရာတွေကြောင့် ဆုံးဖြတ်ချက်ချဖို့ ခက်ခဲပင်ပန်းတတ်သူများ 
    • အဓိပ္ပါယ်ပြည့်၀တဲ့ဘ၀မှာ နေထိုင်လိုသူများ


    • အလိုလောဘနောက် တရပ်စပ်လိုက်တတ်တဲ့အကျင့်ကို စွန့်ပစ်သင့်တဲ့အကြောင်း။ 
    • မလိုတာတွေကို ဖယ်ထုတ်ခြင်းရဲ့စွမ်းအားအကြောင်း။ 
    • အချိန်နဲ့ ကိုယ့်ရဲ့စိတ်အာရုံစူးစိုက်ခြင်းတွေကို တန်ဖိုးရှိစွာ အသုံးပြုသင့်တဲ့အကြောင်း။