Limitless

Jim Kwik
  •  20 min
  •  Audio Available

ကျွန်မတို့အများစုဟာ မှားယွင်းတဲ့ယုံကြည်မှုတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ကန့်သတ်ထားကြပါတယ်။ ဘဝမှာ အောင်မြင်မှုရဖို့အတွက် ထူးခြားတဲ့ပါရမီတွေနဲ့ မွေးဖွားလာစရာ မလိုပါ။ ကိုယ့်မှာရှိတဲ့ အစွမ်းအစတွေနဲ့ စိတ်အားထက်သန်မှုကိုသာ စနစ်တကျပျိုးထောင်နိုင်ရင် ထူးခြားတဲ့ပါရမီ မရှိလည်း‌ အောင်မြင်နိုင်ပါတယ်။ ဒါကြောင့်၊ ကျွန်မတို့ဟာ ကိုယ့်ရည်ရွယ်ချက်တွေကို ဖော်ထုတ်ပြီး အဲဒီရည်ရွယ်ချက်တွေနဲ့ ရှေ့ဆက် သွားနိုင်အောင် ကြိုးစားသင့်ပါတယ်။ ပြီးတော့ လေ့လာခြင်း၊ အာရုံစူးစိုက်ခြင်း၊ ကျက်မှတ်ခြင်း၊ စာဖတ်ခြင်းနှင့် တွေးခေါ်ခြင်း စတဲ့နည်းလမ်းတွေထဲက ကိုယ်နဲ့အသင့်တော်ဆုံးနည်းလမ်းကို ရွေးချယ်နိုင်ဖို့ သိပ် အရေးကြီးပါတယ်။ စာရေးသူ ဂျင် ကွတ်ထ် (Jim Kwit) ကိုယ်တိုင် လေ့လာသင်ယူမှု နှေးကွေးသူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့၊ သူ့ရဲ့ လေ့လာသင်ယူမှုပုံစံကို ပြောင်းလိုက်တဲ့အခါ သူဟာ သင်ခန်းစာတွေကို အရင်ကထက် ပိုမှတ်မိ လာပါတယ်၊ ပိုတိုးတက်လာပါတယ်။ နောက်ဆုံးမှာ သူဟာ ဦးနှောက်ဖွံ့ဖြိုးမှုဆိုင်ရာ လမ်းညွှန်ပေးသူ (Brain Coach) ဖြစ်လာခဲ့ပါတယ်။ 

    • ကိုယ့်ကိုယ်ကိုယ် ညံ့တယ်လို့ ထင်နေသူတွေ။ 
    • ဘာပဲလေ့လာလေ့လာ မထိရောက်ဖူးလို့ ခံစားနေရသူတွေ။ 
    • ဘာလုပ်လုပ် စိတ်အားထက်သန်မှု မရှိတဲ့သူတွေ။ 


    • တက္ကစီကားသမားတွေက သာမန်လူတွေထက် ဦးနှောက်ပိုကြီးရတဲ့ အကြောင်းအရင်း။ 
    • လေ့လာသင်ယူတဲ့အခါမှာ အထောက်အကူဖြစ်စေတဲ့ နည်းလမ်းတွေ။ 
    • ထိရောက်တဲ့ စာဖတ်နည်းတွေအကြောင်း။