တရားထိုင်ခြင်းကြောင့် သူ့ဘဝ ပြောင်းလဲခဲ့ရတယ်လို့ တစ်ယောက်ယောက်က ပြောတာကို သင် ကြားဖူးပါသလား။ သင့်အနေနဲ့ အဲဒါကို သံသယရှိကောင်း ရှိနိုင်မှာဖြစ်ပေမဲ့၊ အဲဒါက တကယ့်အမှန်တရားပါ။ တရားထိုင်ခြင်းဟာ လူကို စိတ် အေးချမ်း ပျော်ရွှင်စေပါတယ်။ ဆင်းရဲဒုက္ခတွေကို တုန်လှုပ်ခြင်းမရှိဘဲ ရင်ဆိုင်နိုင်စေပါတယ်။ ပြီးတော့ မကောင်းတဲ့စိတ်တွေ ဖြစ်ပေါ်မလာအောင်လဲ ထိန်းချုပ်နိုင်စေပါတယ်။
ဘယ်သူပဲဖြစ်ဖြစ် ဘဝတစ်ခု ရလာရင် လောကဓံကို တွေ့ကြုံရမှာပါပဲ။ လောကဓံကို ရှောင်လွှဲလို့ မရနိုင်ပါဘူး။ ဒါကြောင့် ကျွန်မတို့တွေဟာ ဘဝရဲ့ကောင်းတဲ့အရာတွေကိုရော ဆိုးတဲ့အရာတွေကိုပါ လက်ခံနိုင်အောင် ကြိုးစားရမှာပါ။ တရားထိုင်ခြင်းက လောကဓံတရားတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်စေဖို့ အထောက်အကူပြုနိုင်ပါတယ်။
စစ်မှန်တဲ့ ငြိမ်းအေးမှုကို လိုချင်တဲ့သူတွေ။
No New Notifications