Living Forward

Michael Hyatt and Daniel Harkavy
  •  20 min
  •  Audio Available

သင့်ကိုယ်သင် ရိုးသားမှု ဘယ်လောက်ရှိသလဲသိချင်ရင် သင် ဘယ်လောက်ပျော်ရွှင်နေသလဲ၊ စစ်မှန်ပြီး အဓိပ္ပာယ်ရှိတဲ့ အပေါင်းအသင်း ဘယ်လောက်ရှိသလဲ၊ ဘယ်လောက်ထိ ခိုင်မာတဲ့ အသက်မွေးဝမ်းကြောင်းအလုပ်တစ်ခု ပိုင်ဆိုင်ထားပြီလဲ၊ ကိုယ်စိတ်နှစ်ပါး ဘယ်လောက် ကျန်းမာချမ်းသာနေပြီလဲ၊ ဆိုတဲ့မေးခွန်းတွေကို ဖြေကြည့်သင့်ပါတယ်။ ဒါမှမဟုတ် သင့်ဘဝရဲ့ ဘယ်ကဏ္ဍတွေကို လျစ်လျူရှုထားမိသလဲ ဆိုတာ စဉ်းစားကြည့်သင့်ပါတယ်။ 

တကယ်လို့ သင် လျစ်လျူရှုမိတဲ့ကိစ္စတွေရှိခဲ့ရင်လဲ ဒါက သင့်အမှား မဟုတ်ဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ အကယ်၍သာ သင့်ဘဝက ကသီလင်တ မနိုင်ဘူးဆိုရင် သင် ချစ်တဲ့သူကို အချိန်ပေးနိုင်မယ်။ စီမံကိန်းပရော့ဂျက်တွေ ဖန်တီးနိုင်မယ်။ သင့်အတွက် အဓိပ္ပာယ်ရှိတဲ့ လူမှုအသိုက်အဝန်းတစ်ခုလဲ တည်ဆောက်နိုင်မယ်ပေါ့။ အဲဒီလိုနေ့မျိုး တစ်နေ့ ရောက်လာလိမ့်မယ်လို့ သင့်ကိုယ်သင် ယုံကြည်ကောင်း ယုံကြည်နေပါလိမ့်မယ်။ ဒါပေမဲ့၊ ဘဝဆိုတာ အမြဲတမ်း တစ်ခုမဟုတ် တစ်ခု လိုအပ်ချက်တွေ ရှိနေတာကြောင့် သင် မျှော်လင့်ထားတဲ့ အဲဒီလို ပြီးပြည့်စုံတဲ့နေ့မျိုး ဘယ်တော့မှ ရောက်လာမှာ မဟုတ်ပါ။ 

ကျွန်မတို့အားလုံးမှာ ကိုယ့်အချိန်ကို စီမံခန့်ခွဲနိုင်တဲ့ အရည်အချင်းတွေ ရှိပါတယ်။ ပြီးတော့၊ ကျွန်မတို့ လိုချင်တဲ့ ဘဝမှာ ရှင်သန်နိုင်တဲ့ အလားအလာကောင်းတွေ ရှိကြပါတယ်။ ဒီလိုလုပ်ဖို့အတွက် လိုအပ်တာတွေကတော့ ဖောင်တိန် တစ်လက်၊ စာရွက်တစ်ရွက်နဲ့ ခိုင်မာတဲ့စိတ်ဓာတ်တို့ပဲ ဖြစ်ပါတယ်။ 

    • ဘဝမှာ ဘယ်အရာကိုမှ ပြတ်သားတဲ့ဆုံးဖြတ်ချက် မချနိုင်သူတွေ။ 
    • ကိုယ့်ဘဝကိုယ် ရေစုန်မျောနေသလို ခံစားနေရသူတွေ။ 
    • ဘဝကို စနစ်တကျ ဖြတ်သန်းလိုသူတွေ။ 


    • သေခြင်းတရားကို နှလုံးသွင်းခြင်းကြောင့် ရလာနိုင်တဲ့ အကျိုးကျေးဇူးတွေ။ 
    • စနေ၊ တနင်္ဂနွေမှာ လုပ်ရမဲ့အရာတွေကို ဘယ်လိုရွေးချယ် လုပ်ကိုင်သင့်ကြောင်း။ 
    • ဆေးရုံဝန်ထမ်းအရာရှိတွေရဲ့ နည်းနာနိဿယကို ဘာကြောင့် အတုယူသင့်ကြောင်း။