That Sounds Fun

Annie F. Downs
  •  17 min
  •  Audio Available

လူတွေဟာ ကြီးပြင်းလာကြချိန်မှာ ပျော်အောင်နေခြင်းရဲ့ အရေးပါပုံကို မေ့လျော့လာကြပါတယ်။ ပျော်စရာဆိုတာ ကလေးဘဝရဲ့ မြူထူးဆော့ကစားခြင်းတွေထက် ပိုကြောင်း၊ အခက်အခဲတွေကနေ လွတ်မြောက်ရခြင်းတွေထက် ပိုကြောင်း စာရေးသူက ဒီစာအုပ်မှာ ပြောပြထားပါတယ်။ ဒါကြောင့် ပျော်စရာတွေကို တတ်နိုင်သမျှ ရှာ​ဖွေပါ။ တစ်ခါတစ်ရံ သင့်အိမ်မှာပဲ ပျော်စရာတွေ့နိုင်သလို၊ တစ်ခါတစ်ရံမှာ အပျော်တမ်းအလုပ်ကလေးတွေ လုပ်ဆောင်ရာမှာလဲ တွေ့ရှိရတတ်ပါတယ်။ ချစ်ခြင်း မေတ္တာက ပျော်စေနိုင်သလို သင် စိတ်ဝင်စားတဲ့ ဝါသနာတစ်ခုခုကလဲ သင့်ကို ပျော်စေနိုင်ပါတယ်။ ဒါတွေ တစ်ခုမှာမှ ပျော်စရာ ရှာမတွေ့ဘူးဆိုရင်လဲ ကိစ္စမရှိပါ။ ပျော်စရာ ရှာဖွေမှုကို သင် မရပ်တန့်သရွေ့ပေါ့။ 

    • ပျော်ရွှင်မှုရဲ့အရေးပါပုံအကြောင်း လေ့လာလိုသူများ။ 
    • စိတ်ဖိစီးနေသူများ။ 
    • ပျော်စရာရှာဖွေလိုသူများ။ 


    • အပျော်တမ်းအလုပ်ကလေးတွေက ဘာကြောင့် အရေးပါသလဲ ဆိုတဲ့ အကြောင်း။ 
    • ပျော်စရာနဲ့ ဧဒင်ဥယျာဉ်ကြားက ဆက်စပ်မှုက ဘာလဲဆိုတဲ့ အကြောင်း။ 
    • ဝါသနာတစ်ခုရှိဖို့ ဘာကြောင့်လိုအပ်သလဲဆိုတဲ့ အကြောင်း။