Let That Sh*t Go

N Nina Purewal and Kate Petriw
  •  15 min
  •  Audio Available

ပျော်ရွှင်ဖို့အတွက် နည်းလမ်းဟာ သတိနဲ့နေခြင်း သို့မဟုတ် ပစ္စပ္ပန်မှာပဲ စိတ်အာရုံကို စုစည်းလျက် နေထိုင်ခြင်း ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ မိမိအတွက် ဒုက္ခဖြစ်စေမဲ့ အတွေးတွေကိုလဲ ဖယ်ရှားပေးနိုင်ပါတယ်။ စိတ်အာရုံကို စုစည်းလျက် နေထိုင်ခြင်းက သင့်ခေါင်းထဲမှာ ဘာတွေတွေးနေမိသလဲ ဆိုတာကို သတိပြုမိခြင်းက စပါတယ်။  အဲဒီနောက် ဘယ်အတွေးတွေကို ဆက်တွေးမယ်၊ ဘယ်အတွေးတွေကို ဖယ်ရှားမယ်၊ ဘယ်အတွေးတွေကတော့ အစားထိုးဖို့လိုတယ်ဆိုတာကို ဆုံးဖြတ်ရမှာပါ။ သင့်ရဲ့ အတွေးထဲက စကားသံတွေနဲ့အညီ အလိုက်သင့် ပြုမူခြင်း၊ သင့်ရဲ့အဓိကတန်ဖိုးထားမှုတွေကို ဆင်ခြင်ကြည့်ခြင်း တို့ဖြင့် သင့်ကိုယ်သင် တန်ဖိုးထားမှုကို မြှင့်တင်နိုင်မှာလဲ ဖြစ်ပါတယ်။ သင့်ကိုယ်သင် ယုံကြည်မှု၊ သင့်ရဲ့ ရှုမြင်တတ်ခြင်းနဲ့ ခွင့်လွှတ်ခြင်း အလေ့အကျင့် တို့ကို မွေးမြူကာ သင့်ရဲ့ စိတ်ကို စုစည်းပြီး အတွေးပုံစံအသစ်တွေ ပျိုးထောင်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုပြောင်းလဲထားတဲ့ စိတ်ထား၊ ခိုင်မာတဲ့ ယုံကြည်မှုနဲ့ တစ်နေ့တာကို သက်သောင့်သက်သာ ဖြတ်သန်းလိုစိတ်တို့ ရှိမယ် ဆိုရင် သင့်ဘဝရဲ့ကဏ္ဍတိုင်းမှာ ပိုမိုစိတ်ချမ်းသာစရာ အတွေ့အကြုံတွေ မှတ်မှတ်ထင်ထင် ရရှိလာမှာ ဖြစ်ပါတယ်။

  • ·      သတိမြဲအောင် လေ့ကျင့်လိုသူများ။

    ·      စိတ်ရှုပ်ထွေးလျက် အတွေးများ နေတတ်သူများ။

    ·      ဘဝထဲကအမှိုက်တွေကို ဘယ်လိုစွန့်ပစ်ရမလဲ သိလိုသူများ။

  • ·      အပျက်သဘောဆောင်တဲ့ အတွေးတွေနဲ့ အပြောအဆိုတွေက ဘဝအပေါ် သက်ရောက်မှု ရှိနိုင်တဲ့အကြောင်း။

    ·      သင် မလိုချင်တဲ့အခြေအနေတွေကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတဲ့အကြောင်း။

    ·      ခွင့်လွှတ်ခြင်းက သင့်ရဲ့စိတ်ကို ဘယ်လို ရှင်းလင်းစေသလဲ ဆိုတဲ့အကြောင်း။