ဒီစာအုပ်ဟာ လူတွေ အချိန်ဆွဲကြခြင်းရဲ့အကြောင်းအရင်းကို နားလည်ဖို့နဲ့ အချိန်ဆွဲတဲ့အကျင့်ကို ချိုးဖျက်ပစ်ဖို့အတွက် လက်တွေ့အသုံးချနိုင်မဲ့ လက်စွဲစာအုပ် ဖြစ်ပါတယ်။ စာရေးသူကိုယ်တိုင်က အချိန်ဆွဲတတ်သူတစ်ယောက်ပါ။ ဒါပေမဲ့၊ အချိန်ဆွဲတတ်တဲ့ အကျင့်ကို နည်းလမ်းတချို့နဲ့ ပြောင်းလဲလိုက်တဲ့အခါ တကယ်အကျိုးများတာကို တွေ့ခဲ့ရပါတယ်။ အဲဒီ နည်းလမ်းတွေကို ဒီစာအုပ်ထဲမှာ ဖော်ပြထားတာပါ။ ဒီနည်းလမ်းတွေဟာ သင့်အနေနဲ့ အချိန်ဆွဲတတ်တဲ့ အကျင့်ကို ချိုးဖျက်ဖို့ ကြိုးစားရာမှာ အထောက်အကူဖြစ်ပါလိမ့်မယ်၊ သင်ဟာ စိတ်ဖိစီးမှုတွေ လျော့ကျလာပြီး၊ ဖျတ်လတ်တက်ကြွတဲ့လူ ဖြစ်လာပါလိမ့်မယ် လို့ စာရေးသူက အခိုင်အမာ ပြောပါတယ်။
No New Notifications