Things No One Else Can Teach Us

Humble the Poet
  •  11 min
  •  Audio Available

သင့်ဘဝ အဆိုးအကောင်းဟာ သင့်အပေါ်မှာပဲ ရာနှုန်းပြည့် မူတည်ပါတယ်။ သေချာစဉ်းစားကြည့်ပါ။ ဘဝမှာ ကြုံတွေ့ရမဲ့အရာတွေနဲ့ အခြားသူတွေက သင့်ကို ဆက်ဆံကြပုံတွေကို သင် ထိန်းချုပ်လို့မရပါဘူး။ ဒါပေမဲ့ သင် ဘယ်လိုတုံ့ပြန်မလဲဆိုတာကိုတော့ ထိန်းချုပ်လို့ ရပါတယ်။ ဘဝဆိုတဲ့ကျောင်းက သင့်ကို ကြိုဆိုနေပါတယ်။ သင်မွေးဖွားလာမယ်၊ ပညာသင်စရိတ်တွေ ကုန်ကျရမယ်၊ အမှားတွေအများကြီးလုပ်မိလိမ့်မယ်၊ ရှုံးနိမ့်မှုတွေ ကြုံ‌တွေ့ရလိမ့်မယ်၊ အသည်းလဲ ကွဲရလိမ့်မယ်။ ဒီစိတ်ဒဏ်ရာတွေနဲ့ စိတ်ပျက်စရာတွေဟာ သင့်ကို စိတ်ဓာတ် ကျစေနိုင်တာတွေပါ။ ဒီလို မဖြစ်ချင်ဘူးဆိုရင်တော့၊ ဒါတွေကို တန်ဖိုးရှိတဲ့ ဘဝသင်ခန်းစာတွေလို့ သတ်မှတ်ပြီး လေ့လာဆန်းစစ် ဆင်ခြင်ရပါမယ်။ ဒါမှသာ ကြုံရတာတွေကို လက်ခံလာနိုင်မှာပါ။ ဒီတော့ ရှုံးနိမ့်မှုကို တွေးကြောက်မနေပါနဲ့။ သိမ်ငယ်စိတ်လဲ မမွေးပါနဲ့။ သင် မှန်တယ်လို့ ယုံကြည်တာကို လုပ်ပါ။ ရှုံးနိမ့်မှုတွေ ကိုလဲ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ရင်ဆိုင်လိုက်ပါ။

  • ·      စိတ်ညစ်စရာတွေကို မကြာခဏ ကြုံရသူများ။

    ·      စိတ်ဓာတ် လွယ်လွယ်ကျတတ်သူများ။

    ·      ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ဖို့ စိတ်ခွန်အား လိုအပ်နေသူများ။

  • ·      လူတိုင်း တစ်နေ့မှာသေရမယ်ဆိုတာကို လက်ခံလိုက်ခြင်းက ဘဝကို အပြည့်အဝခံစားပြီး နေထိုင်နိုင်မယ့်အကြောင်း။

    ·      ဝါသနာပါတဲ့ အားကစားကိုလုပ်ခြင်းက သင့်ကိုယ်သင် တွန်းအားအပြင်းအထန် ပေးနေမိခြင်းကနေ ကယ်တင်ပေးနိုင်တဲ့အကြောင်း။

    ·      ကိုယ့်ကိုယ်ကိုယ် သနားစိတ်က ဘာကြောင့် မက်ဒေါ်နယ်မှာ စားရတာနဲ့ တူတဲ့အကြောင်း။