Stop Overthinking

Nick Trenton
  •  16 min
  •  Audio Available

စိတ်ကူးအကြံဉာဏ်တွေကို ချင့်ချိန်တွေးဆတာက ဘဝအတွက် အကူအညီဖြစ်စေနိုင်ပေမဲ့ အတွေးလွန်ခြင်းကတော့ မလိုအပ်တဲ့ စိတ်ဖိစီးမှုတွေ ဖြစ်စေနိုင်ပါတယ်။ သင်က အတွေးလွန်တာမျိုး ဖြစ်​လေ့ဖြစ်ထရှိတယ်ဆိုရင် သင့်ရဲ့ခံစားချက်တွေကို မစွက်ဖက်ဘဲ အရှိအတိုင်းလက်ခံပြီး ဘယ်အရာက သင့်ကို စိတ်သောကရောက်စေသလဲ၊ ဒါမှမဟုတ် ပိုပြီးခံစားရအောင် လုပ်နေသလဲဆိုတာ အဖြေရှာရမှာ ဖြစ်ပါတယ်။ 


ဘဝရဲ့ မသေချာမရေရာတာတွေအားလုံးကို ရှောင်ရှားဖို့ မဖြစ်နိုင်ပေမဲ့ သင့်ရဲ့သဘောထားအမြင်နဲ့ ရှုထောင့်ကို ပြောင်းလဲပြီး သူတို့ကို ကောင်းမွန်စွာ တုံ့ပြန်လို့တော့ ရပါတယ်။ ဒါကြောင့် သင့်ရဲ့ အပြုသဘောမဆောင်တဲ့ အတွေးတွေ၊ အပြုအမူတွေကို ဘယ်သူတွေက ဖြစ်စေသလဲ၊ ဘယ်နေရာတွေက ဖြစ်စေသလဲ၊ ဘာက ဖြစ်စေသလဲဆိုတာ စဉ်းစားပါ။ ဒီစာအုပ်ထဲက နည်းလမ်းတွေနဲ့ လေ့ကျင့်ခန်းတွေကို အသုံးချပြီး သင့်ရဲ့အတွေးပုံစံကို ကောင်းမွန်လာအောင် လေ့ကျင့်ပါ။ ဒီနည်းနဲ့ အတွေးလွန်ခြင်းကို ထိန်းချုပ်နိုင်ပါလိမ့်မယ်။ 

    • အတွေးလွန်တတ်သူများ။ 
    • စိတ်ဖိစီးမှုတွေ ကြုံနေရသူများ။ 
    • အတွေးလွန်ခြင်းကို ထိန်းချုပ်နိုင်မယ့်နည်းလမ်းတွေကို သိလိုသူများ။ 

    • အတွေးလွန်ခြင်းကို ထိန်းချုပ်နိုင်မဲ့ နည်းလမ်းများအကြောင်း။ 
    • စမတ် (SMART) ဖြစ်တယ် ဆိုတဲ့စကားလုံးနဲ့ ဘာကို တိုင်းတာနိုင်မလဲဆိုတဲ့အကြောင်း။ 
    • ၅-၄-၃-၂-၁ နည်းလမ်းနဲ့ စိတ်ဖိစီးမှုကို ဘယ်လိုလျှော့ချမလဲဆိုတဲ့အကြောင်း။