“နောက်မှပဲ သွားလိုက်ပါ့မယ်” ၊ “နောက်မှပဲ လုပ်လိုက်ပါ့မယ်” ၊ “နောက်မှပဲ ပြောတော့မယ်” စတဲ့ စကားတွေကို ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာ မကြာခဏဆိုသလို ကြားဖူးကြမှာပါ။ ဒီစကားတွေဟာ အချိန်ဆွဲခြင်းရဲ့ လက္ခဏာရပ်တွေ ဖြစ်ပါတယ်။ အချိန်ဆွဲခြင်းက အကျင့်တစ်ခုလို ဖြစ်လာရင် အရေးကြီးတဲ့အလုပ်အကိုင် အခွင့်အလမ်းတွေမှာ နှောင့်နှေးကြန့်ကြာစေတာကြောင့် ဘဝရဲ့ကောင်းကျိုး ချမ်းသာတွေနဲ့ လွဲချော်စေပါတယ်။ အများအားဖြင့် လူတွေဟာ ကြုံရနိုင်တဲ့ အကြောက်တရားကို ရှောင်ရှားချင်တဲ့အတွက် အချိန်ဆွဲတတ်ကြပါတယ်။ ဒါပေမဲ့ စစ်မှန်တဲ့ကန့်သတ်ချက်တွေကို လက်ခံပြီး၊ ကြောက်စိတ်တွေကို အကောင်းဆုံးထိန်းချုပ်မယ်ဆိုရင်တော့ အချိန်ဆွဲတတ်တဲ့အကျင့်ကို ဖျောက်ပစ်နိုင်ကာ ပိုမိုအဓိပ္ပါယ်ပြည့်ဝတဲ့ဘဝကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။
No New Notifications