Total Recall

Arnold Schwarzenegger
  •  21 min
  •  Audio Available

ဒီစာအုပ်ဟာ ရိုးရိုးကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိတစ်အုပ်တင် မကပါဘူး။ ရည်မှန်းချက်ရှိဖို့၊ ခံနိုင် ရည်ရှိဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်တိုးတက်‌စေဖို့အတွက် လမ်းညွှန်စာအုပ်တစ်အုပ်လို ဖြစ်နေပါ တယ်။ ဩစတြီးယားရှိ စာရေးသူရဲ့ စည်းကမ်းသေဝပ်ရတဲ့ကလေးဘဝကစပြီး ကိုယ်ခန္ဓာကြံ့ခိုင်မှု လောကမှာ ထိပ်ဆုံးဖြစ်လာပုံ၊ ဟောလိဝုဒ်ကိုအောင်နိုင်ပုံနဲ့ အမေရိကန်နိုင်ငံရေးမှာ အာဏာရလာပုံ စတဲ့ သူ့ရဲ့ထူးခြားတဲ့ခရီးလမ်းကို ရည်မှန်းချက်၊ စည်းကမ်းနဲ့ ဇွဲရှိမှုတွေက ဘယ်လို ဦးဆောင်ခဲ့လဲ ဆိုတာ စာရေးသူက ပွင့်ပွင့်လင်းလင်းဖော်ပြထားပါတယ်။

ရည်မှန်းချက်နဲ့ လိုက်လျောညီထွေရှိမှု၊ ဗျူဟာကျကျစဉ်းစားမှုတွေကို ပေါင်းစပ်လိုက်ရင် လုံးဝမတူကွဲပြားတဲ့နယ်ပယ်တွေမှာတောင် အောင်မြင်မှုရနိုင်တယ်ဆိုတာကို သူ့ရဲ့ဇာတ်လမ်းကနေ အလေးပေးပြောပြနေတာ ဖြစ်ပါတယ်။ စာအုပ်ထဲမှာ အခွင့်အရေးတွေကို လက်မလွှတ်ဖို့၊ အခက်အခဲ တွေကြားကနေ အာရုံမပျက်ဖို့နဲ့ ကိုယ့်ကိုယ်ကိုယ်အမြဲတိုးတက်အောင် ကြိုးစားနေခြင်းရဲ့ အရေးကြီး ပုံကိုလဲ အသားပေးထားပါတယ်။ အဆုံးသတ်မှာတော့ စာရေးသူရဲ့ဘဝက “အောင်မြင်မှုဆိုတာ ကံ ကောင်းတာမဟုတ်ဘဲ ပြင်ဆင်မှု၊ ဇွဲလုံ့လနဲ့ ကြီးမားတဲ့အိပ်မက်တွေကို ရဲရဲဝံ့ဝံ့မက်ခဲ့လို့ ရလာတဲ့ ရလဒ်ပါပဲ” ဆိုတာကို ပြသနေတာဖြစ်ပါတယ်။


    •         အာနိုးအကြောင်းသိလိုသူများ
    •         အာနိုးရဲ့ပရိတ်သတ်များ
    •         ဘဝအတွက် ကြံ့ခိုင်တဲ့စိတ်ဓာတ်မွေးမြူတည်ဆောက်နည်းကို သိလိုသူများ


    •         အာနိုးတစ်ယောက် ကိုယ်ကာယမောင်ဖြစ်လာခဲ့တဲ့အကြောင်း
    •         အာနိုး သရုပ်ဆောင်လောကထဲ ဘယ်လိုရောက်လာခဲ့တယ်ဆိုတဲ့အကြောင်း
    •         အာနိုးနိုင်ငံရေးထဲဘာကြောင့်ဝင်သွားခဲ့လဲဆိုတဲ့အကြောင်း