ဒီစာအုပ်ဟာ ရောမမြို့၊ တိုင်းဘာမြစ်ကမ်းနားက သာမန်ရွာလေးတစ်ရွာကနေ လူ့သမိုင်းမှာ သြဇာအာဏာအရှိဆုံးအင်ပါယာတစ်ခု ဖြစ်လာပုံကို ကျယ်ကျယ်ပြန့်ပြန့်နဲ့လွယ်လွယ်ကူကူဖတ်ရှုနိုင် အောင် ဖော်ပြထားတဲ့စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။ ဒီစာအုပ်က ဧကရာဇ်မင်းတွေ၊ စစ်ပွဲတွေ ဒါမှမဟုတ်သမိုင်းကြောင်းတွေအပေါ် အဓိကအာရုံမစိုက်ဘဲ သာမန်ရောမပြည်သူတွေရဲ့နေ့စဉ်ဘဝ၊ နိုင်ငံရေးစနစ်တွေရဲ့ပြောင်းလဲနိုင်စွမ်းနဲ့ ရောမလူမျိုးတွေ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပုံဖော်ခဲ့ကြလဲဆို တာကို နက်နက်ရှိုင်းရှိုင်းဖော်ထုတ်ပြထားတာဖြစ်ပါတယ်။ ဒီစာအုပ်က ရောမမြို့အပေါ်မှာ အလှအပ ဆန်ဆန် ဒါမှမဟုတ် လွယ်လွယ်ကူကူ ရေးဆွဲထားတဲ့ ပုံရိပ်တွေကိုလဲ စိန်ခေါ်ပြခဲ့ပါတယ်။
ရောမတို့ရဲ့ကြီးထွားလာမှုဟာ ဘယ်လောက်ရှုပ်ထွေးခဲ့ပြီး ဘယ်လောက်အငြင်းပွားဖွယ် ကောင်းကာ ဘယ်လောက်အထိ အားလုံးကိုပေါင်းစည်းနိုင်ခဲ့တယ်ဆိုတာကို ပြသထားပါတယ်။ စာ ရေးသူက နိုင်ငံသားဖြစ်မှု၊ ရောမနိုင်ငံရေးရဲ့လိုက်လျောညီထွေမှုနဲ့ ရိုမူလပ်စ်နဲ့ရီးမပ်စ်လို ဒဏ္ဍာရီတွေ က ရောမလူမျိုးတွေရဲ့အမှတ်သရုပ်ကို ဘယ်လိုပုံဖော်ခဲ့လဲဆိုတဲ့အကြောင်းအရာတွေကို အလေးပေး ဖော်ပြခဲ့ပါတယ်။ အချုပ်ပြောရရင် ဒီစာအုပ်ဟာ ပျက်စီးသွားပြီဖြစ်တဲ့ယဉ်ကျေးမှုတစ်ခုရဲ့အကြောင်း ကို ပြောပြတာထက် ရောမတို့ရဲ့အာဏာ၊ ပိုင်ဆိုင်မှုနဲ့ အုပ်ချုပ်ရေးဆိုင်ရာမေးခွန်းတွေဟာ ယနေ့ ခေတ်အထိ ဘာလို့ပဲ့တင်ထပ်နေသေးလဲဆိုတာကို ပိုမိုဖော်ပြထားပါတယ်။
No New Notifications