ဒီစာအုပ်ဟာ စာရေးသူရဲ့မှတ်မှတ်ရရဖြစ်စရာကောင်းတဲ့ ဘဝအကြောင်းအရာတွေနဲ့ ဖွဲ့စည်း ထားတဲ့ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်တစ်အုပ် ဖြစ်ပါတယ်။ သူ့ရဲ့ကိုယ်ရေးကိုယ်တာဇာတ်လမ်း တွေ၊ သူငယ်ချင်းတွေအကြောင်းနဲ့ အချစ်၊ ဘဝနဲ့ ကိုယ့်ကိုယ်ကိုယ်ရှာဖွေတွေ့ရှိခြင်းနဲ့ပတ်သက်တဲ့ သင်ခန်းစာတွေကို ခပ်မြူးမြူးအရေးအသားနဲ့ ရင်ထဲထိအောင် ရေးသားထားတာဖြစ်ပါတယ်။ လန်ဒန် မှာ ဖြတ်သန်းခဲ့တဲ့ အသက်၂၀အရွယ်အတွေ့အကြုံတွေကို ပြန်ပြောင်းပြောပြရင်း အရွယ်ရောက်စ ဘဝရဲ့ရှုပ်ထွေးမှုတွေ၊ ပျော်ရွှင်စရာတွေနဲ့ တစ်ခါတစ်ရံ ကြေကွဲစရာတွေကို စာရေးသူက လှစ်ဟပြ ထားတာပဲဖြစ်ပါတယ်။ ဒီစာအုပ်မှာ အချစ်ဟာအရေးပါပေမဲ့ ဘဝရဲ့တစ်စိတ်တစ်ပိုင်းလေးပဲဖြစ်တယ် ဆိုတာကို အလေးပေးထားပြီး ခင်မင်ရင်းနှီးမှု၊ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားလေးစားမှုနဲ့ ကိုယ့်ရဲ့တိုး တက်မှုတွေကလဲ ဒီထက်မကအရေးကြီးတယ်လို့ ဖော်ပြထားပါတယ်။
နောင်တရစရာ အတိတ်ကပုံပြင်တွေ၊ ရယ်စရာကောင်းတဲ့အဖြစ်အပျက်တွေနဲ့ စိတ်ရင်းအမှန် အတိုင်း ရေးသားထားတဲ့ခံစားချက်တွေကနေတဆင့် စာရေးသူဟာ လူငယ်ဘဝရဲ့ရှုပ်ထွေးပွေလီမှု တွေကိုရော၊ အချိန်ကြာလာတာနဲ့အမျှ ရရှိလာတဲ့ဉာဏ်ပညာတွေကိုပါ ဖော်ပြနိုင်ခဲ့ပါတယ်။ အဆုံးမှာ တော့ သူ့ရဲ့စာအုပ်ကနေ ပေးချင်တဲ့မက်ဆေ့ချ်ကတော့ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားဖို့၊ အရေးပါတဲ့ ဆက်ဆံရေးတွေကို ထိန်းသိမ်းဖို့နဲ့ ရင့်ကျက်တဲ့လူတစ်ယောက် ဖြစ်လာဖို့အတွက် ကြိုတင်မှန်းဆလို့ မရနိုင်တဲ့ခရီးလမ်းကို ရဲရဲဝံ့ဝံ့ရင်ဆိုင်လျှောက်လှမ်းဖို့ပဲ ဖြစ်ပါတယ်။
No New Notifications