အိမ်ရဲ့သပ်ရပ်သန့်ရှင်းမှုက ကျွန်မတို့ရဲ့စိတ်အခြေအနေနဲ့ကျန်းမာရေးအပေါ် သက်ရောက်မှု ရှိပါတယ်။ အိမ်ကရှုပ်ပွနေတယ်ဆိုရင် ကြည့်ရတာ စိတ်ရှုပ်ထွေးနေမှာဖြစ်ပြီး တစ်ခုခုကိုရှာဖွေရာ မှာလဲ အချိန်ကြာစေတာကြောင့် သင့်ကိုစိတ်ဖိစီးစေပါတယ်။ သင့်ပစ္စည်းတွေကို ပြန်စစ်ဆေးခြင်း၊ အုပ်စုအလိုက်စုစည်းခြင်း၊ သတ်မှတ်နေရာတွေမှာထားသိုခြင်း၊ သပ်ရပ်သန့်ရှင်းတဲ့ပုံစံကို ထိန်းသိမ်း ခြင်း စတာတွေကို ဖန်တီးမှုရှိတဲ့နည်းလမ်းတွေနဲ့ သင့်အိမ်ကိုရှင်းလင်းမယ်ဆိုရင် သင့်မိသားစုရဲ့စိတ် ပျော်ရွှင်မှုကို တက်လာစေရုံမက မိသားစုဝင်အချင်းချင်း နွေးထွေးမှုရရှိလာမှာ ဖြစ်ပါတယ်။
No New Notifications